ဆားမှော် စစ်ပြေး ဒုက္ခသည် စခန်းကို အစိုးရ စစ်တပ် ဝင်စီးဟုဆို

ဆားမှော် စစ်ပြေး ဒုက္ခသည် စခန်းကို အစိုးရ စစ်တပ် ဝင်စီးဟုဆို
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ် ဆားမှော် ကျေးရွာ ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းရှိ စစ်ပြေး ဒုက္ခသည် စခန်းကို ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ က အစိုးရ စစ်တပ်မှ ဝင်စီး ခဲ့ကြောင်း သတင်းရရှိသည်။

ဆားမှော် နယ်မြေခံ တပ်ရင်း ခလရ (၁၀၅) ဗိုလ်ကြီး ဝေယံလင်း နှင့် ဒေသခံ ပြည်သူ့စစ်များသည် ခွင့် မတောင်းဘဲ ဘုရားကျောင်းဝင်း အထဲသို့ ၀င်ရောက်ပြီး ဒုက္ခသည် နေအိမ် တဲ အချို့ကို မွေနှောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ၄င်း စခန်းတာဝန်ခံ ဆရာ လဒွဲအောင် က ပြောသည်။

“စခန်း မိသားစုတွေရဲ့ အခန်းတွေကို ဝင်မွေတယ်။ သေတ္တာတွေ လိုက်ဖွင့်ပြီး စစ်တယ်။ ပြတင်းပေါက်က ကျော်ဝင်ပြီး ဟို နှိုက် ဒီနှိုက်တွေတော့ ရှိတယ်။ တအား ခြိမ်းခြောက်တာမျိုးတွေတော့ မရှိဘူး” ၎င်းကဆိုသည်။

kng2001

အစိုးရတပ် ဗိုလ်ကြီး ဝေယံလင်း တောင်းဆိုသည်မှာ “ဆားမှော် အနီး အစိုးရ စစ် စခန်းကို KIA ဘက် စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ဆားမှော် စစ်ပြေးဒုက္ခသည် စခန်းမှာ လည်း အဝင်အထွက် များနေတဲ့အတွက် စခန်းတွင်း စစ်ရှောင် တွေရဲ့ ဓါတ်ပုံ ရိုက်ယူရန် လာခြင်း” ဖြစ်သည် ဟု ဆရာ လဒွဲအောင် က ပြောသည်။

စက်တင်ဘာ ၁၇ ရက် စနေနေ့ နံနက်တွင် ကချင် လွပ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေ ဆားမှော် ကျေးရွာ အနီး Sut Leng Yang ရွာဟောင်း Tsap Ba Bum တောင် စခန်းတွင် အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

nmg2002

သို့သော်လည်း ဗိုလ်ကြီး၏ ဓါတ်ပုံ ရိုက်ယူရန် တောင်းဆိုမှုကို ဒုက္ခသည် စခန်းမှူးမှ ခွင့် မပေးခဲ့ကြောင်း ပြောပါသည်။ထို့ကြောင့် စခန်းတာဝန်ခံ ဆရာ လဒွဲအောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှုး နှင့် အသင်းတော် လူကြီး အချို့တို့ကို ညနေ ၅ နာရီတွင် စစ်တပ် စခန်းသို့ ခေတ္တ ခေါ်ဆောင်သွားပြီး တစ်နာရီခန့်အကြာတွင် ပြန်လွှတ်ခဲ့ကြောင်း သိရပါသည်။

လက်ရှိ ကချင် ပြည်နယ် တောင်ပိုင်း မံဝင်း စစ်ပြေးဒုက္ခသည် စခန်းအတွက် WFP ၏ စားနပ်ရိက္ခာ အကူအညီကို အစိုးရစစ်တပ်က နမ့်ခမ်းမြို့တွင် တားဆီး ပိတ်ပင်နေဆဲဖြစ် သည့်အတွက် ဒုက္ခသည်များ ဆန်ပြုတ် စားနိုင်ရေး အတွက်ပင် ကြိုးစား နေရသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...