အစိုးရတပ်အား KIA နက်လက်ကြီးဖြင့် တုံ့ပြန် ပစ်ခတ်

အစိုးရတပ်အား KIA နက်လက်ကြီးဖြင့် တုံ့ပြန် ပစ်ခတ်
by -
ကေအဲန်ဂျီ
ယနေ့ မနက် ကချင် လွတ်လပ်ရေး တပ်မတော် Nhkram Bum စခန်း တွင် အစိုးရတပ်၏ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကို KIA ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည် တုံပြန် ပစ်ခတ်ရာ အစိုးရတပ်၏ ပစ်ခတ်မှု ရပ်သွားကြောင်း သိရပါသည်။

KIA ဌာနချုပ် နယ်မြေ လှုပ်ရှား တပ်ရင်း DND ၂၅၂ ၏ Nhkram Bum စခန်း ကို အစိုးရတပ်မှ မနက် ၉ နာရီခန့်တွင် လက်နက်ကြီး ၈၀ မမ ဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်ခဲ့ချိန် KIA မှ တု့ံပြန် ပစ်ခတ်ခဲ့သည့်အတွက် မနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှု ရပ်သွားဖြင်းဖြစ်သည်ဟု KIA ရှေ့တန်း သတင်းမှ သိရပါသည်။

KIA ၏ ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် အစိုးရတပ် တဲ စခန်း အနီးမှာ ကျရောက် ပေါက်ကွဲခြင်းကြောင့် အစိုရတပ်၏ လက်နက်ကြီး ပစ်ခတ်မှု ရပ်တန့်သွားသည်ဟု KIA ရှေ့တန်းသတင်းများက ဆိုပါသည်။

KIA 2

မြစ်ကြီးနား-ဗန်းမော် လမ်း အရှေ့ဘက် တရုတ်နယ်စပ် တလျှောက် KIA ဗဟိုဌာနချုပ် နယ်မြေများ လုံခြံုရေး အတွက် Nhkram Bum စခန်းသည် KIA ၏ စစ်ရေး မဟာဗျူဟာအရ အရေးပါသော စခန်းလည်း ဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...