အစိုးရတပ်အား KIA နက်လက်ကြီးဖြင့် တုံ့ပြန် ပစ်ခတ်

အစိုးရတပ်အား KIA နက်လက်ကြီးဖြင့် တုံ့ပြန် ပစ်ခတ်
by -
ကေအဲန်ဂျီ
ယနေ့ မနက် ကချင် လွတ်လပ်ရေး တပ်မတော် Nhkram Bum စခန်း တွင် အစိုးရတပ်၏ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကို KIA ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည် တုံပြန် ပစ်ခတ်ရာ အစိုးရတပ်၏ ပစ်ခတ်မှု ရပ်သွားကြောင်း သိရပါသည်။

KIA ဌာနချုပ် နယ်မြေ လှုပ်ရှား တပ်ရင်း DND ၂၅၂ ၏ Nhkram Bum စခန်း ကို အစိုးရတပ်မှ မနက် ၉ နာရီခန့်တွင် လက်နက်ကြီး ၈၀ မမ ဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်ခဲ့ချိန် KIA မှ တု့ံပြန် ပစ်ခတ်ခဲ့သည့်အတွက် မနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှု ရပ်သွားဖြင်းဖြစ်သည်ဟု KIA ရှေ့တန်း သတင်းမှ သိရပါသည်။

KIA ၏ ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် အစိုးရတပ် တဲ စခန်း အနီးမှာ ကျရောက် ပေါက်ကွဲခြင်းကြောင့် အစိုရတပ်၏ လက်နက်ကြီး ပစ်ခတ်မှု ရပ်တန့်သွားသည်ဟု KIA ရှေ့တန်းသတင်းများက ဆိုပါသည်။

KIA 2

မြစ်ကြီးနား-ဗန်းမော် လမ်း အရှေ့ဘက် တရုတ်နယ်စပ် တလျှောက် KIA ဗဟိုဌာနချုပ် နယ်မြေများ လုံခြံုရေး အတွက် Nhkram Bum စခန်းသည် KIA ၏ စစ်ရေး မဟာဗျူဟာအရ အရေးပါသော စခန်းလည်း ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...