KIA ၏ ခုခံမှုကြောင့် အစိုးရ စစ်ကြောင်းများ နောက်ဆုတ်ဟုဆို

KIA ၏ ခုခံမှုကြောင့် အစိုးရ စစ်ကြောင်းများ နောက်ဆုတ်ဟုဆို
by -
ကေအဲန်ဂျီ
ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ Nhkram Bum တောင် Gidon စခန်းကို ယနေ့ နံနက်ပိုင်း ထိုးစစ်ဆင် တက်လာသည့် အစိုးရ စစ်ကြောင်းများသည် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ ၏ ခုခံ တိုက်ခိုက်မှု ခံရပြီး ပြန်ဆုတ်သွားခဲ့ကြောင်း KIA ရှေ့တန်း သတင်းများ ဆိုပါသည်။

နေ့လည် ၁ နာရီခန့်တွင် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 ၂ စီးဖြင့် လာရောက် ပစ်ကူ ပေးပြီး မကြာမီ အစိုးရ စစ်ကြောင်းများ နောက်ဆုတ်သွားသည်ဟု KIA သတင်းများ ပြောပါသည်။

အတည် မပြုနိုင်သော သတင်းများအရ အစိုးရတပ်ဘက် အကျအဆုံးများပြီး ဒဏ်ရာ အပြင်းအထန် ရရှိသူများတွင် ရုရှားနိုင်ငံသို့ စစ်ပညာသင်ယူပြီး ပြန်လာသော ဗိုလ်ကြီး တစ်ဦး ပါကြောင်း သိရသည်။

KIA ဘက်မှာ ထိခိုက်မှု မရှိကြောင်း သိရသည်။

အစိုးရတပ်များ ဆုတ်ခွာပြီးနောက် ဗိုလ်ကြီး တဦး၏ အလောင်း အပါအဝင် လက်နက် အများအပြားလည်း သိမ်းဆီးရရှိသည်ဟု KIA သတင်းရပ်ကွက်များ ဆိုပါသည်။

မြစ်ကြီးနား-ဗန်းမော် လမ်း အရှေ့ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် နယ်မြေ၊ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများရှိသော Nhkram Bum တောင်သို့ ပြီးခဲ့သည့် အပတ်မှ အစိုးရတပ်များ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...