မိုးကောင်း နှင့် ကားမိုင်း ကြား Gauri (ဂေါ်ရီ) ကျေးရွာ အနီး Ga Matep (ဂါးမတက်) အရပ်မှာ KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆) တပ်ဖွဲ့များ လမ်းမပေါ် ထွက်လာပြီး ကျောက်စိမ်းမှော် ကုန်သည်နှင့် ဖြတ်သွား ဖြတ်လာသူများမှ ယနေ့၊ သြဂုတ် ၁၉ နံနက်ပိုင်း အခွန် ကောက်ခဲ့ကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။
ယခု မတိုင်မီက ဖားကန့် ကျောက်စိမ်းမှော် အထဲမှာသာ KIA မှ အခွန် ကောက်လျှက်ရှိ ပါသည်။
ယခင် Kachin Sub-state ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဘက်မှာလည်း KIA တပ်မဟာ (၄) နှင့် (၆) မှ အခွန် ကောက်ခြင်းကို လွန်ခဲ့သည့် နှစ်လ ကျော်မှ ပြုလုပ် လာပါသည်။
မြန်မာ အစိုးရတပ် က ဖားကန့် ကျောက်စိမ်းမှော်မှ KIA ၀င်ငွေ ဖြတ်တောက်ပစ်ရန် စစ်ဆင်ရေး အမျိုးမျိုး ပြုလုပ်နေစဉ် KIA ဘက်မှ ဖားကန့်လမ်းတွင် ယခုလို အခွန် ပြန်ကောက် လာခြင်းဖြစ်သည်။







