ဖားကန့် လမ်းမပေါ် KIA တပ်များ အခွန် ပြန်ကောက်

ဖားကန့် လမ်းမပေါ် KIA တပ်များ အခွန် ပြန်ကောက်
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းမပေါ် အခွန် ကောက်ခြင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ သြဂုတ်လ ၁၉နံနက်ပိုင်းတွင် ပြန်လည် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မိုးကောင်း နှင့် ကားမိုင်း ကြား Gauri (ဂေါ်ရီ) ကျေးရွာ အနီး Ga Matep (ဂါးမတက်) အရပ်မှာ KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆) တပ်ဖွဲ့များ လမ်းမပေါ် ထွက်လာပြီး ကျောက်စိမ်းမှော် ကုန်သည်နှင့် ဖြတ်သွား ဖြတ်လာသူများမှ ယနေ့၊ သြဂုတ် ၁၉ နံနက်ပိုင်း အခွန် ကောက်ခဲ့ကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယခု မတိုင်မီက ဖားကန့် ကျောက်စိမ်းမှော် အထဲမှာသာ KIA မှ အခွန် ကောက်လျှက်ရှိ ပါသည်။

ယခင် Kachin Sub-state ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဘက်မှာလည်း KIA တပ်မဟာ (၄) နှင့် (၆) မှ အခွန် ကောက်ခြင်းကို လွန်ခဲ့သည့် နှစ်လ ကျော်မှ ပြုလုပ် လာပါသည်။

မြန်မာ အစိုးရတပ် က ဖားကန့် ကျောက်စိမ်းမှော်မှ KIA ၀င်ငွေ ဖြတ်တောက်ပစ်ရန် စစ်ဆင်ရေး အမျိုးမျိုး ပြုလုပ်နေစဉ် KIA ဘက်မှ ဖားကန့်လမ်းတွင် ယခုလို အခွန် ပြန်ကောက် လာခြင်းဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...