လိုင်စင်မဲ့ ကားများကို ဖမ်းမည့်အစား လိုင်စင် ပြုလုပ်ပေးရန် ကချင်ပါတီများ တောင်းဆို

လိုင်စင်မဲ့ ကားများကို ဖမ်းမည့်အစား လိုင်စင် ပြုလုပ်ပေးရန် ကချင်ပါတီများ တောင်းဆို
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်တွင်း လိုင်စင်မဲ့ ကားများ ဖမ်းရန် အစိုးရ၏ အမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ လိုင်စင်မဲ့ ကားများကို သိမ်းယူမည့် အစား ‘စနစ်တကျ (ကညန) လိုင်စင် ပြုလုပ်ပေးခြင်းဖြင့် ပြဿနာ ဖြေရှင်းပေးရန်’ ကချင်နိုင်ငံရေး ပါတီ မဟာမိတ် မှ သြဂုတ်လ ၃ရက်တွင် တောင်းဆိုလိုက်ပါသည်။

ပြည်သူများမှ မိမိတို့၏ ချွေးနည်းစာ ငွေနှင့် ဝယ်ထားသည့် လိုင်စင်မဲ့ (without) ကားများကို အစိုးရမှ သိမ်းယူ လိုက်မည် ဆိုပါက ကား ပိုင်ရှင်များ ဒုက္ခရောက်သွားနိုင်သည့်အပြင် ပြည်သူ့ ထောက်ခံ အားပေးမှုကို လည်း ရရှိမည် မဟုတ်ဟု ကချင် နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ KPCC မှ သဘောထား ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့ကြောင့် လိုင်စင်မဲ့ကားများကို သိမ်းယူမည့်အစား တရားမဝင်လိုင်စင်မဲ့ကား ဝယ်ယူ တင်သွင်း ရောင်းချ နေသည့် မှောင်ခို စီးပွားသမားများနှင့် ၄င်းတို့ကို ကူညီပေးနေသည့် ဂိတ်မှုး များကိုသာ စစ်ဆေး အရေးယူ သင့်သည် အကြောင်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

NLD အစိုးရ၏ ယခု လုပ်ရပ်သည် ဒီမိုကရေစီ နည်းလမ်းကျ ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘဲ ပြည်သူကို ဒုက္ခပေးခြင်းသာ ဖြစ်သည်ဟု KPCC မှ ပြန်ကြားရေးဌာန တာဝန်ခံ ဦးလွမ်းဇောင်း က ကချင်သတင်းဌာန KNG ယခု ပြောသွားပါသည်။

“ဒီမှာ အကုန်လုံးနီးပါးက လိုင်စင်မဲ့ကားတွေကိုပဲ သုံးကြတယ်ဆိုတော့ တကယ်ပဲ ကျောင်း ကြိုပို့ အသက်မွေး ဝမ်းကြောင်းတွေလည်း လိုင်စင်မဲ့ ကားတွေပဲ သုံးတယ်။ ဆိုတော့ ဒီဟာက ဖမ်းမယ် ဘာလုပ်မယ်ဆိုပြီး ပြည်သူကို ခြိမ်းခြောက် တာက တကယ်ပဲ ဒီမိုကရေစီ ပြောင်းလဲမှုမှာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူး။ ပြည်သူကို ဒုက္ခပေး ခြိမ်းခြောက်ပြီး ဖမ်းရင်လည်း ဒါက တကယ့် ပြဿ     နာ ကို ဖြေရှင်း မပေးနိုင်ဘူး။”

မေလ ၁၃ ရက် ပြည်နယ် လွှတ်တော်မှ ‘ကချင်ပြည်နယ်တွင်း လိုင်စင်မဲ့ကားများအား သင့်တင့်သော အခွန်နှုန်းထား ပေးဆောင် စေကာ ပြည်နယ်အတွင်း အသုံးပြုနိုင်သည့် ယာဉ်လိုင်စင်များ ချပေးနိုင်ရေး’ အတွက် လျှို့ဝှက်ဆန္ဒမဲဖြင့် သဘောထား ရယူခဲ့ရာ ထောက်ခံမဲ ၃၀၊ ကန့်ကွက်မဲ ၁၃ နှင့် ကြားနေ မဲ ၂ ဖြင့် အတည်ပြုခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်လက်ထက် ပြည်သူများ ပိုမိုအဆင်ပြေလွတ်လပ်လာမည်ဟု မျှော်လင့်နေခိုက် အာဏာပိုင်များမှ ယခုကဲ့သို့ လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခြင်းသည် ခေတ် နောက်ပြန်ဆွဲ နေသလိုဖြစ်နေသည်ဟု KPCC ထုတ်ပြန်ချက်က သုံးသပ်ထားပါသည်။

ကချင် ပြည်သူအကျိုး ပူးပေါင်း လုပ်ရန် ရည်ရွယ်ချက်ဖြင့် KPCC ကို ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP)နှင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) တို့မှ ၂၀၁၆ ဇွန်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...