၂၁ ရာစု ပင်လုံ ညီလာခံတွင် လူငယ်များ ပါဝင်ရန် တိုက်တွန်း

၂၁ ရာစု ပင်လုံ ညီလာခံတွင် လူငယ်များ ပါဝင်ရန် တိုက်တွန်း
by -
ကေအဲန်ဂျီ
ယခုလအတွင်း အစိုးရ ခေါ်ယူကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ တွင် လူငယ်များလည်း ပါဝင်ဆွေးနွေးသင့်ကြောင်း ပင်လုံ တိုင်းရင်းသား လူငယ်များ ညီလာခံမှ တိုက်တွန်းထားသည်။

၂၁ ရာစု ပင်လုံ ညီလာခံသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သင့်ကြောင်း နှင့် လူငယ်များ ပါဝင် သင့်သည့် အကြောင်းကို ဇူလိုင် ၂၇ မှ သြဂုတ် ၁ ရက်ထိ ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တို်င်းရင်းသားလူငယ်များ ညီလာခံက သဘောတူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမည့် ညီလာခံသည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် ဆွေးနွေးပွဲဖြစ်သည့်အလျှောက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန်အတွက်လည်း တိုက်တွန်း ထားပါသည်။

ထို့ကြောင့်လည်း ယင်း ၆ ရက်ညီလာခံအပြီး ‘မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့’ ကို ဗဟိုအလုပ်မှုဆောင် (၂၆)ဦးနှင့် အဖွဲ့ဝင် (၇၈) ပါဝင်ပြီး ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုထားပါသည်။

အဆိုပါ မဟာမိတ်အဖွဲ့ကို ညီလာခံတက်ရောက်ခဲ့သည့် လူမျိုး ၂၆ မျိုးမှ ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၄င်းတို့သည် ဖက်ဒရယ် ပြည်ထောင်စုစနစ် ရရှိရေးနှင့် ညီလာခံမှ သဘောတူ ချမှတ်ထားသော လုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပါဝင် လုပ်ဆောင်မည့် သူများ ဖြစ်ကြောင်း သိရသည်။

ညီလာခံကို မူလက ဇူလိုင် ၂၇ မှ ၃၁ အထိ ကျင်းပရန် စီစဉ်ခဲ့သော်လည်း အမှန် သြဂုတ် ၁ရက်နေ့မှ အပြီးသတ် နိုင်ခဲ့ပါသည်။

ပထမအကြိမ် တိုင်းရင်းသား လူငယ်များ ညီလာခံကို ရှမ်းပြည်နယ် တောင်ပို်င်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျင်းပခဲ့ပြီး မျိုးနွယ်စုပေါင်း ၂၆ မျိုးမှ ကိုယ်စားလှယ် ၅၂၄ ဦး၊ လေ့လာသူ ၈၆ ဦးနှင့် ကော်မတီဝင်များ၊ ဦးဆောင်သူ ၁၅၂ ဦး အပါအဝင် စုစုပေါင်း ရ၆၄ ဦး တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...