‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ်မတော် MNDAA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊၃ဖွဲ့သည် အစည်းအဝေး တက်ရောက်ခြင်း မရှိဟု သိရသည်။

KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။
ယင်း တရုတ်နယ်စပ်အခြေစိုက် တို်င်းရင်းသားလက်နက်ကိုင် အဖွဲ့(၃)ဖွဲ့ အစည်းအဝေး မတက်ရောက်ကြောင်း ကို ယနေ့ နံနက်ပိုင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဌ-၂ ဗိုလ်ချုပ် S ဂွန်မော် မှလည်း အတည်ပြု ပြောသွားသော်လည်း မည့်အတွက်ကြောင့် ရောက်မလာကြောင်းကို ပြောဆိုခြင်းမရှိပေ။

KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။
၄ ရက်ကြာကျင်းပမည့် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ရက်နေက စတင်ကျင်းပစဉ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်တော် Mr. Vijay Nambiar နှင့် တရုတ်အစိုးရ ကိုယ်စားလှယ် များလည်း လာရောက်ခဲ့သည်။







