မိုင်ဂျာယန် အစည်အဝေးကို တိုင်းရင်းသား ၃ ဖွဲ့ တက်ရောက်ခြင်းမရှိ

မိုင်ဂျာယန် အစည်အဝေးကို တိုင်းရင်းသား ၃ ဖွဲ့ တက်ရောက်ခြင်းမရှိ
by -
ကေအဲန်ဂျီ
KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။
KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။
အစိုးရ၏ ၂၁ ရာစု ပင်လုံ ညီလာခံ အကြို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် ဇူလိုင်လ ၂၆ရက် နံနက်ပိုင်း စတင် ပြုလုပ်ရာ ‘၀’၊ ကိုးကန့်၊ တအောင်း အဖွဲ့များ တက်ရောက်ခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ်မတော် MNDAA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊၃ဖွဲ့သည်  အစည်းအဝေး တက်ရောက်ခြင်း မရှိဟု သိရသည်။

indexk5
KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။

ယင်း တရုတ်နယ်စပ်အခြေစိုက် တို်င်းရင်းသားလက်နက်ကိုင် အဖွဲ့(၃)ဖွဲ့ အစည်းအဝေး မတက်ရောက်ကြောင်း ကို ယနေ့ နံနက်ပိုင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဌ-၂ ဗိုလ်ချုပ် S ဂွန်မော် မှလည်း အတည်ပြု ပြောသွားသော်လည်း မည့်အတွက်ကြောင့် ရောက်မလာကြောင်းကို ပြောဆိုခြင်းမရှိပေ။

indexk6
KNG မှ Peace reporter ရိုက်ကူးပေးပို့သော ပုံများဖြစ်ပါသည်။

၄ ရက်ကြာကျင်းပမည့် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ရက်နေက စတင်ကျင်းပစဉ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်တော် Mr. Vijay Nambiar နှင့် တရုတ်အစိုးရ ကိုယ်စားလှယ် များလည်း လာရောက်ခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...