မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ ကိုယ်စားလှယ်များ ရောက်ရှိလာ

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ ကိုယ်စားလှယ်များ ရောက်ရှိလာ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ထားသော တရုတ်နယ်စပ်အနီး မိုင်ဂျာယန်မြို့ (Mai Ja Yang Muklum) တွင် ဗုဒ္ဓဟူးနေ့မှ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ၏ မျက်နှာစုံညီ အစည်းအဝေးသို့ အဖွဲ့ကိုယ်စားလှယ်တော်များ စတင် ရောက်ရှိလာပြီ ဖြစ်သည်။

ဇူလိုင် ၂၇မှ ၂၉၊ သုံးရက်ကြာ ပြုလုပ်ရန် စီစဉ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ၏ မျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၀ ကျော်မှ ကိုယ်စားလှယ်တော်များ ပါ၀င်ကြရန် မျှော်လင့်ထားပါသည်။

မန္တလေး-မူဆယ် လမ်းမှ မိုင်ဂျာယန် (Mai Ja Yang) အစည်းအဝေး တက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များကို မူဆယ်မြို့တွင် ‘မူဆယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (JLH)’ မှ ကြိုဆိုလက်ခံခြင်း၊ ခေတ္တနေရာ ထိုင်ခင်း စီစဉ်ပေးခြင်းနှင့် တရုတ် နယ်စပ် ဖြတ်ကူးရေး ကိစ္စများကို စနေနေ့ကတည်းက အကူအညီပေး နေပါသည်။

အကြောင်းစုံကို မူဆယ် JLH အဖွဲ့မှ ဦးဆောင် ကူညီပေးနေသူ ဦး မရန် နော်လာ အား ကချင်သတင်းဌာန KNG မှ မေးမြန်းရာတွင် ယခုလို ပြောပါသည်။

“ကျနော်တို့ လုပ်နေတာက အခု တက်လာတဲ့ ကိုယ်စားလှယ် လူကြီးတွေကို ကြိုဆိုပြီး တရုတ်ပြည်ဘက်ခြမ်းကို ပို့ပေးတယ်။ ဒါကို ကျနော်တို့ ဆက်လုပ်နေတယ်။ အခု ရောက်လာတဲ့ ဧည့်သည်တွေကို လိုလေသေးမရှိအောင် ကူညီပေးတယ်။ စာအုပ်လုပ်ပေးတယ်။ တချို့ဆို မှတ်ပုံတင်တောင် မရှိဘူး။ အဲလိုလူတွေကိုလည်း ကူညီပေးတယ် ပြီးတော့ နိုင်ငံကူးလက်မှတ်တွေ အထိပေါ့။”

ယနေ့ ဇူလိုင် ၂၅ တွင်လည်း ဧည့်သည် အယောက် ၅၀ ကျော် မူဆယ်သို့ ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း ဦးနော်လာ က ဆိုပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကိုယ်စားလှယ်တော်များ၊ သတင်း မီဒီယာများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည် တော်များ ကို ‘မြစ်ကြီးနား ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG’ ဦးဆောင်ပြီး ယနေ့ ဇူလိုင် ၂၅ နေ့လယ်ခန့် တွင် ကား (၁၇)စီးဖြင့် မြစ်ကြီးနား-လွယ်ဂျယ် လမ်းကြောင်းအတိုင်း မိုင်ဂျာယန် (Mai Ja Yang) ကို ခရီးပြုနေပြီဖြစ်သည်။

EAOs (Ethnic Armed Organizations) ဟု ခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ မိုင်ဂျာယန် (Mai Ja Yang) အစည်းအဝေး ကို အဖွဲ့ တစ်ဖွဲ့စီ က ကိုယ်စားလှယ် (၅)ဦးထိ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

အစိုးရ ၏ ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ’ ကို ရှေ့လတွင် မကျင်းပမီ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို လိုလားသော တိုင်းရင်းသား အားလုံး ၏ ‘ဘုံသဘော တူညီချက်’ ရရှိရန် ယခု မိုင်ဂျာယန် (Mai Ja Yang) မျက်နှာစုံညီ အစည်းအဝေးကို ကြိုတင် ကျင်းပခြင်းဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...