ကချင် ပြည်သူများ အစိုးရ ပြည်သူ့စစ် လုပ်ရန် အတင်းအကြပ် အမိန့်ပေး ခံနေရ

ကချင် ပြည်သူများ အစိုးရ ပြည်သူ့စစ် လုပ်ရန် အတင်းအကြပ် အမိန့်ပေး ခံနေရ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ကန်ပိုင်တီ ဒေသများမှ ရွာသားများကို ‘အစိုးရ ပြည်သူ့စစ် မလုပ် မနေရ အမိန့်’ ဖြင့် မြန်မာအစိုးရတပ်က ယခုလ လဆန်းပိုင်း မှစပြီး အပြင်းအထန် ဖိအားပေး ခြိမ်းခြောက် လာနေကြောင်း ဒေသခံများ က ပြောဆိုသည်။

ဖိအားပေး နေသော အစိုးရတပ်တွင် အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မုံရွာမြို့မှ ခလရ (၂၆၈) ဗျူဟာမှုး အထိ ပါဝင်နေသည်ဟု ပြောပါသည်။

ဇူလိုင် ၁၃၊ ၁၄ မှ စပြီး အစိုးရတပ်မှ ရွာသားများအား ပြည်သူ့စစ်လုပ်ရန် အတင်း အဓမ္မ ခြိမ်းခြောက်နေသည့် အခြေအနေကို ၀ိုင်းမော်-ကန်ပိုင်တီ လမ်းရှိ လုံခြံုရေးကြောင့် ၎င်း၏ ကျေးရွာနှင့် နာမည် မဖော်လိုသူ လူကြီး တစ်ဦးက ကချင်သတင်းဌာန KNG ကို အောက်ပါအတိုင်း ပြောပါသည်။

“မရ မက အတင်း ခြိမ်းခြောက်ပြီး နာမည် ရေးယူသွားတယ်။ မလုပ်ရင် ဒီမှာ မနေရဘူး သေနတ် ပစ္စတို ချိန်ပြီး အတင်း ရေးမှတ်သွားတယ်။”ဟုဆိုသည်။

ထို့အပြင် ဂရွတ်ယန် (Garut Yang) ကျေးရွာမှ ရွာသား တစ်ဦး ကလည်း လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး KNG ကို ပြောပြသည်မှာ “နေရာတကာ လိုက်ခြိမ်းခြောက်နေတယ် နာမည်တွေ ကောက်ယူတယ်။ ဗျူဟာမှုးက ပြည်သူ့စစ် မလုပ် မနေရ မလုပ်ရင် ရွာ မီးရှို့လိုက်မယ် အိမ် မီးရှို့လိုက်မယ် အဲဒါ ပြောပြီး နောက်မှာလည်း ပြည်သူ့စစ် မလုပ်တဲ့သူကို ‘သူပုန်’ လို့ မှတ်ယူလိုက်မယ် လို့ ပြန်ပြောတယ်” စသည်ဖြင့် ပြောခဲ့ပါသည်။အစိုးရ ပြည်သူ့စစ် လုပ်ရန် ရွာ တစ် ရွာလျှင်  အနည်းဆုံး လူ ၁၀ ယောက်ပေးရန် အစိုးရတပ်က တောင်းဆိုထားကြောင်း ဒေသခံများ ပြောပါသည်။

ထို့ကြောင့် အချို့ရွာသားများမှာ ပြည်သူ့စစ် မလုပ်နိုင်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာပျက်မည့် အခြေအနေ ပင် ဖြစ်လာနိုင်ကြောင်း ဘွမ်တောင် (Bum Tawng) ရွာမှ ဒေသခံ တစ်ဦးက ပြောပါသည်။

ဘွမ်တောင် (Bum Tawng) နှင့် ဆဒုံး ရွားသားများ၏ ပြောဆိုချက်အရ ‘လီဆူ အမျိုးသားဖွံ့ဖြိုးရေးပါတီ LNDP (ဒူးလေးပါတီ)’ မှလည်း ယင်းဒေသတွင် ပြည်သူ့စစ်လုပ်ရန် ဆော်သြောမှုတွင် အစိုးရတပ်နှင့် အတူ ပါဝင်နေကြောင်း သိရသည်။

မြန်မာ အစိုးရတပ်သည် လွန်ခဲ့သည့် နွေရာသီကလည်း ကချင်ပြည်နယ် အနောက်ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ဒေသ တွင် လီဆူ ပြည်သူ့စစ် အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ ပြီဖြစ်သည်။ ထို့အပြင် ရှမ်းနီ ပြည်သူ့စစ် အဖွဲ့ (နန်းယား) ကို ဖွဲ့စည်းပေးပြီး ၎င်းတို့အား အစိုးရတပ်နှင့်အတူ ဖားကန့်မြို့နယ်အတွင်း KIA တပ်ရင်း (၆)နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ပါ၀င် စေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...