“ပြည်သူ့ရဲများ လုံခြံုရေး တာဝန်ယူထားသည့် မြစ်ကြီးနားမြို့တွင်း စစ်တပ်မှ စစ်ဝတ်စုံအပြည့်ဖြင့် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် ၁၉ နှစ်အား ဥပဒေမဲ့စွာ ပစ်သတ်မှုသည် ပြည်သူ့ဘဝ လုံခြံုရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ဆိုထားသည်။
ထို့ကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှလည်း ယခု အမှုကို အထူးအလေးထားပြီး တာဝန်ယူ ဖြေရှင်းပေးရန်” ထပ်ဆင့် တောင်းဆိုထားသည်။
တောင်းဆိုမှုတွင်ပါဝင်သော အဖွဲ့များမှာ ကချင်တစ်မျိုး သားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU)၊ မြစ်ကြီးနား ကျောင်းသားများ သမဂ္ဂ (MSU)၊ ကချင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ တက္ကသိုလ်များ (JLH)၊ မြစ်ကြီးနား တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား)၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် လူငယ် မူးယစ်ဆေးဝါး ကင်းစင်ရေးအဖွဲ့ (Ram Hkye) တို့ဖြစ်ကြပါသည်။
မောင်ဂွမ်ဆိုင်းအောင်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ပထမနှစ် အား ဇွန် ၂၀ ရက်နေ့ည မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ် (၇၂၇)မှ စစ်သား မောင်မောင်နှင့် ဒုတပ်ကြပ် နန်ဟီးခင်ဒန် တို့မှ ၎င်းတို့၏ သေနတ်များဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။







