ဂွမ်ဆိုင်းအောင် ပစ်သတ်ခံရမှု အရေးယူပေးရန် တက္ကသိုလ်နှင့် လူငယ် (၇)ဖွဲ့ တောင်းဆို

ဂွမ်ဆိုင်းအောင် ပစ်သတ်ခံရမှု အရေးယူပေးရန် တက္ကသိုလ်နှင့် လူငယ် (၇)ဖွဲ့ တောင်းဆို
by -
ကေအဲန်ဂျီ
ကချင် တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် (Gum Seng Awng) ပစ်သတ်ခံရမှု အပေါ် ပစ်မှုကျူးလွန်သော အစိုးရ စစ်သား နှစ်ဦးကို တရားမျှတစွာ အရေးယူပေးရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် လူငယ်အဖွဲ့ (၇)ဖွဲ့မှ ဇွန် ၂၂၊ ယနေ့ သဘောထား ထုတ်ပြန်ချက်ဖြင့် တောင်းဆို လိုက်သည်။

“ပြည်သူ့ရဲများ လုံခြံုရေး တာဝန်ယူထားသည့် မြစ်ကြီးနားမြို့တွင်း စစ်တပ်မှ စစ်ဝတ်စုံအပြည့်ဖြင့် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် ၁၉ နှစ်အား ဥပဒေမဲ့စွာ ပစ်သတ်မှုသည် ပြည်သူ့ဘဝ လုံခြံုရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ထို့ကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှလည်း ယခု အမှုကို အထူးအလေးထားပြီး တာဝန်ယူ ဖြေရှင်းပေးရန်” ထပ်ဆင့် တောင်းဆိုထားသည်။

တောင်းဆိုမှုတွင်ပါဝင်သော အဖွဲ့များမှာ ကချင်တစ်မျိုး သားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU)၊ မြစ်ကြီးနား ကျောင်းသားများ သမဂ္ဂ (MSU)၊ ကချင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ တက္ကသိုလ်များ (JLH)၊ မြစ်ကြီးနား တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား)၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် လူငယ် မူးယစ်ဆေးဝါး ကင်းစင်ရေးအဖွဲ့ (Ram Hkye) တို့ဖြစ်ကြပါသည်။

မောင်ဂွမ်ဆိုင်းအောင်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ပထမနှစ် အား ဇွန် ၂၀ ရက်နေ့ည မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ် (၇၂၇)မှ စစ်သား မောင်မောင်နှင့် ဒုတပ်ကြပ် နန်ဟီးခင်ဒန် တို့မှ ၎င်းတို့၏ သေနတ်များဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...