Published
Monday, June 20, 2016
ရှမ်းမြောက် အစိုးရ တပ်စခန်း ကို KIA တပ်မဟာ (၆)မှ တိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းယာ နှင့် မုန်းကို ကြားမှာရှိသည့် ဘန်လွမ်းဘွမ် (Bang Lum Bum) တောင် အစိုးရ တပ်စခန်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆)မှ တပ်ဖွဲ့များ ယနေ့ ဇွန် ၁၉ ရက်၊ ညနေ ရ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ခဲ့သည်။
KIA တပ်မဟာ (၆) အောက် တပ်ရင်း (၃၆) ၏ တပ်ခွဲ ၄ နှင့် ပြည်သူ့စစ်အဖွဲ့ (MHH) တပ်ခွဲ (၁) တို့ ပူးပေါင်းပြီး မိနစ် ၂၀ ကျော်ကြာ တိုက်ခိုက်ခဲ့ရာ အစိုးရတပ် ဘက်မှလည်း လက်နက်ကြီးနှင့် တန်ပြန် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း မုန်းကို တွင်ရောက်ရှိနေသည့် KIA တပ်မဟာ (၆) အရာရှိတစ်ဦး ကချင်သတင်းဌာ KNG ကို အတည်ပြု ပြောသည်။
ယခုချိန် မုန်းကို ဒေသတွင် အစိုးရတပ် အင်အား ၃၀၀ ကျော် ရောက်ရှိနေပြီး ၄င်းတို့ စစ်ရေး လှုပ်ရှား လာခြင်းကြောင့် KIA မှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အထက်က အမည်မဖော်လိုသည့် KIA တပ်မဟာ (၆) အရာရှိက ပြောသည်။







