ရှမ်းမြောက် အစိုးရ တပ်စခန်း ကို KIA တပ်မဟာ (၆)မှ တိုက်ခိုက်

ရှမ်းမြောက် အစိုးရ တပ်စခန်း ကို KIA တပ်မဟာ (၆)မှ တိုက်ခိုက်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းယာ နှင့် မုန်းကို ကြားမှာရှိသည့် ဘန်လွမ်းဘွမ် (Bang Lum Bum) တောင် အစိုးရ တပ်စခန်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆)မှ တပ်ဖွဲ့များ ယနေ့ ဇွန် ၁၉ ရက်၊ ညနေ ရ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ခဲ့သည်။

KIA တပ်မဟာ (၆) အောက် တပ်ရင်း (၃၆) ၏ တပ်ခွဲ ၄ နှင့် ပြည်သူ့စစ်အဖွဲ့ (MHH) တပ်ခွဲ (၁) တို့ ပူးပေါင်းပြီး မိနစ် ၂၀ ကျော်ကြာ တိုက်ခိုက်ခဲ့ရာ အစိုးရတပ် ဘက်မှလည်း လက်နက်ကြီးနှင့် တန်ပြန် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း မုန်းကို တွင်ရောက်ရှိနေသည့် KIA တပ်မဟာ (၆) အရာရှိတစ်ဦး ကချင်သတင်းဌာ KNG ကို အတည်ပြု ပြောသည်။

ယခုချိန် မုန်းကို ဒေသတွင် အစိုးရတပ် အင်အား ၃၀၀ ကျော် ရောက်ရှိနေပြီး ၄င်းတို့ စစ်ရေး လှုပ်ရှား လာခြင်းကြောင့် KIA မှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အထက်က အမည်မဖော်လိုသည့် KIA တပ်မဟာ (၆) အရာရှိက ပြောသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...