ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ

ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက် ခံရ
by -
ကေအဲန်ဂျီ
ယနေ့ မနက် ရ နာရီခန့်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းကြောင်း ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကားမိုင်းမြို့၊ ထွယ်ဆန်ယန် (Htoi San Yang) အစိုးရဂိတ် အနီး ကားလမ်းမ တွင်ဖြစ်ပြီး လမ်းလျှောက် ချီတက်လာသော အစိုးရစစ်ကြောင်းကို KIA ဘက် မိုင်းထောင် တိုက်ခိုက်ခဲ့ပြီးနောက် လက်နက် ငယ် အသံ ၅ ချက် ၆ ချက်ခန့် ထွက်လာရာမှ တိတ်သွားခဲ့ကြောင်း ကားမိုင်းဒေသခံ တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

ယင်း ဖောက်ခွဲ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက်မှ တစ်ဦး သေဆုံးပြီး ဒဏ်ရာ ရသူအချို့လည်း ရှိကြောင်း ၄င်း ဒေသခံက ဆက်ဆိုသည်။

အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့များမှ မေလ ၁၀ ရက်နေ့ ဖားကန့် KIA တပ်ရင်း ၆ ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးသော်လည်း ကားမိုင်း-ဖားကန့် လမ်းတွင် နေ့စဉ် လိုလို တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...