ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော

ဆုတ်ခွာ ပေးသော ဖားကန့် စခန်း ပြန်တိုက် ယူမည် ဟု KIA ပြော
by -
ကေအဲန်ဂျီ
အစိုးရတပ်မှ မေလ ၁၀ နေ့က စစ်အင်အား အလုံးအရင်းနှင့် သိမ်းပိုက်လို်က်သော ဖားကန့် ကျောက်စိမ်းမှော် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ စခန်း ကို ပြန်လည် တိုက်ယူမည် ဟု KIA က ပြောသည်။

အစိုးရတပ် နှင့် ရှမ်းနီ ပြည်သူ့စစ် စုပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ မေလ ၁၀ ရက်နေ့တွင် ဖားကန့်မြို့ အနီး အရှေ့မြောက်ဘက် နမ်ဂျန်ချောင်းဖျား (Nam Jan Hka hku) ရှိ KIA တပ်ရင်း (၆) ဌာနချုပ်ကို ဆုတ်ခွာပေး လိုက်သည်။

သို့သော်လည်း ဖားကန့်တွင် တိုက်ပွဲမှာ မေ ၁၂၊ ယမန်နေ့ အထိ ဆက်လက် ဖြစ်ပွားနေသောကြောင့် ကချင်သတင်းဌာန KNG က လိုင်ဇာဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒု ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာ ယခုလို ဖြေကြားခဲ့သည်။

“ကျနော်တို့ KIA တွေလည်း အကုန် သတိ နဲ့ အနီးနားက တောတွေမှာ ရှိနေသေးတယ်။ ဆိုလိုတာက စစ်ကြောင်းတွေ သတိအနေအထားနဲ့ ရှိသေးတယ်။ အဲကြောင့် တစ်ဖက်က ရန်သူဖြစ်တဲ့အတွက် ကျနော်တို့ ဆုတ်ခွာပေးခဲ့တဲ့ နေရာတွေကိုလည်း အခြေအနေအရ ရနိုင်မည့် အခြေအနေရှိရင် တိုက်နေရအုန်းမှာပဲ”

မေလ ၅ ရက်နေ့က စတင်လာခဲ့သည့် ဖားကန့်တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်ကျဆုံးမှု စာရင်းကို အသေးစိတ် မဖော်ပြနို်င်သေးကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

တပ်မတော်ပိုင် မြဝတီ သတင်း ၏ မေ ၁၂ ရက်နေ့ ရေးသားချက်တွင်ကား ‘KIA အလောင်း တစ်လောင်း တွေ့ရှိပြီး တပ်မတော်မှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း’ ကို ဖော်ပြထားသည်။

တနိုင်းမြို့နယ် KIA တပ်ရင်း ၁၄ နယ်မြေ ဘက်တွင်လည်း အစိုးရတပ်မှ လက်နက်နှင့် စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း ဒေသခံ သတင်းများက ဖော်ပြနေသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...