အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား
by -
ကေအဲန်ဂျီ
အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်ရင်း ၂ ကြား ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ နှင့် မုန်းစီး ကြား မန်ရန်း (Man Yen) အနီးတွင် မေ ၈၊ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် အချိန် ခဏကြာ တိုက်ပွဲဖြစ်ခဲ့သည်။

ယင်းနေရာသည် မန်ဂျယ် ကျေးရွာနှင့် ပိုမို နီးစပ်လျက်ရှိပြီး KIA တပ်မဟာ ၆ လက်အောက် တပ်ရင်း ၂၊ တပ်ခွဲ ၁ များ စခန်းချနေသည့် နေရာကို အစိုးရတပ်မ ၉၉ စစ်ကြောင်းများ တိုးဝင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၆ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောခဲ့သည်။

ယခုချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေ၊ မုန်းဝီး ဘက်တွင်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အချင်းချင်းဖြစ်သည့် ရှမ်းတပ် RCSS နှင့် တအောင်းတပ် TNLA တို့ကြား လွန်ခဲ့သည့် အပတ်မှ စပြီး တိုက်ပွဲပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာသည်။ ယခုပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းခြင်းမပြုရန် ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC’ မှ ‘မလိုက်နာသည့် အဖွဲ့ကို အရေးယူမည့်အကြောင်း’ ပြင်းပြင်းထန်ထန် သတိပေးထားသည့်ကြား ယခုလို ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

နေပြည်တော် အစိုးရနှင့် တပ်မတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းနှင့် တအောင်း အမျိုးသားကြား ယခုလို ပြဿနာဖြစ်အောင် ဖန်တီးပေးပြီး၊ တစ်ဖက်တွင်လည်း ကချင်ပြည်နယ်တွင်း ဌာနေ ကချင်နှင့် ရှမ်းနီတို့ကြား ပြဿနာဖြစ်အောင် လုပ်ဆောင်နေကြောင်း စစ်ရေး သုံးသပ်သူများ ပြောဆိုနေမှုလည်း ရှိနေသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...