RCSS နှင့် TNLA တိုက်ပွဲပေါ် KIA အနီးကပ် စောင့်ကြည့် မည်

RCSS နှင့် TNLA တိုက်ပွဲပေါ် KIA အနီးကပ် စောင့်ကြည့် မည်
by -
ကေအဲန်ဂျီ
လတ်တလော တအောင်း (ပလောင်) နှင့် ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ကြား တိုက်ပွဲ ပြန်လည် ပြင်းပြင်းထန်ထန် ဖြစ်လာနေချိန် ၄င်းအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA မှ အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state)အတွင်း တအောင်းအမျိုးသားများ လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရှမ်းပြည်နယ် ပြန်လည် ထူထောင် ရေးကောင်စီ RCSS ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းပေါ် အနီးကပ်စောင့်ကြည့်ရန် ၄င်းဒေသရှိ KIA တပ်မဟာ (၄) နှင့် တပ်မဟာ (၆) ကို KIO/KIA ဗဟို ဌာနချုပ်မှ ညွန်ကြားထားသည်ဟု ရှမ်းမြောက် KIA အရာရှိများ ပြောသည်။

၂၀၁၅ အောက်တိုဘာလ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ် ကို ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် RCSS အဖွဲ့ လက်မှတ်ထိုးအပြီး ၎င်းတပ်ဖွဲ့များ မြောက်ပိုင်းသို့ ချီတက်လာကာ မကြာမှီမှာ TNLA တပ်နှင့် စတင် တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ယခု အပတ် မေလ ၁ ရက်နေ့မှ ယနေ့ မေ ၃ ရက်နေ့အထိ TNLA နှင့် RCSS ကြား KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကာ နှစ်ဖက်တပ် အကျအဆုံး များပြားနေကြောင်း ယင်းဒေသ KIA အရာရှိများ ပြောသည်။

နှစ်ဖက်ပြဿနာကို စစ်ရေးနှင့် မဟုတ်ဘဲ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် NCA စာချုပ် လက်မှတ် မရေးထိုးသေးသည့် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ရ ဖွဲ့၏ ‘၀’ ပြည် ပန်ခမ်း အစည်းအဝေးမှ မတ် ၂၈ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ အကယ်၍ တဖက်က ပြဿနာဖြစ်အောင် ဆက်လက်ဖန်တီးနေပါက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ စုပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ယခုလို သတိပေးထားသော်လည်း နှစ်ဖက်တိုက်ပွဲများရပ်သွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာသဖြင့် ၄င်းပြဿနာအပေါ် အနီးကပ် စောင့်ကြည့်ရန် KIO/KIA ဗဟိုဌာနချုပ်မှ ညွှန်ကြားလာခြင်းဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...