ကချင် UDPKS နှှင့် USDP မဟာမိတ် ပယ်ဖျက်မည်

ကချင် UDPKS နှှင့် USDP မဟာမိတ် ပယ်ဖျက်မည်
by -
ကေအဲန်ဂျီ
ကချင် ပါတီ တစ်ခုဖြစ်သည့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (UDPKS) သည် ၅ နှစ်ကြာ မဟာမိတ် ဖြစ်ခဲ့သည့် ယခင် အစိုးရ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ (USDP)နှင့် မဟာမိတ် အဖြစ်မှ ပျက်ပြယ်တော့ မည်ဖြစ်ကြောင်း သိရသည်။

ပါတီ မဟာမိတ်အဖြစ်မှ ပျက်ပြယ်မည့် အကြောင်းကိုမူ လာမည့်ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်သွားရန် ရှိကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ကာလတွင် UDPKS မနောတိုင် ပါတီ အနေဖြင့် အစိုးရပိုင်းနှင့် အဆင်မပြေမှုများ ရှိသော်လည်း လွှတ်တော်ထဲ အများစုနေရာယူထားသည့် ကြံခိုင်ရေး ပါတီအင်အားဖြင့် ကချင်ပြည်သူများ၏ အကျိုးကို လုပ်နို်င်ခဲ့ကြောင်း ပါတီခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူက RFA မြန်မာပိုင်းကို ပြောသည်။

ရှေ့နေတဦးလည်းဖြစ်သူ ဒေါ်ဒွဲဘူသည် ယခင် ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ယောက် ဖြစ်သည်။

ယခု အချိန်တွင်မှု ကြံခိုင်ဖွ့ံဖြိုးရေး ပါတီနှင့် လက်တွဲဖြုတ်ပြီး ကိုယ့်ပါတီ ကိုယ့်မူဝါဒဖြင့်သာ ကိုယ့်ပြည်သူများနှင့် လက်တွဲလျက် ကုုိယ့်ပြည်သူမျက်နှာပဲ ထောက်ကာ လွတ်လွတ် လပ်လပ် အလုပ်လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ဒေါ်ဒွဲဘူက ဆိုသည်။

ဧပြီ ၂၂ သူရဦးရွှေမန်း အပါအဝင် USDP ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့ကြောင်း သူရဦးရွှေမန်း၏ လူမှုစာမျက်နှာ facebook တွင် ဧပြီ ၂၄ ရက်နေ့က အတည်ပြု ကြေညာထားခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်ပါတီများ ဖြစ်ကြသည့် ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNCD) တို့သည် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ‘မူ’ အရ သဘောတူပြီး အလုပ်အမှုဆောင်အဖွဲ့နှင့် ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ ဖွဲ့စည်းကာ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ကချင်ပြည်သူများ အကျိုးကို လုပ်ဆောင်တော့မည်ဟု ဆိုထားသော မနောတိုင် ပါတီ UDPKS အနေဖြင့် ကချင်ပါတီများ ပူပေါင်းမှုတွင် ပါဝင်မည် မပါဝင်မည်မှာ စိတ်ဝင်တစား စောင့်ကြည့် ရမည်ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...