KIA ကို ထိုးစစ် ဆင်ရာမှ ပြည်တွင်းစစ် ဦးတည်နိုင် ဟု KNO သတိပေး

KIA ကို ထိုးစစ် ဆင်ရာမှ ပြည်တွင်းစစ် ဦးတည်နိုင် ဟု KNO သတိပေး
by -
ကေအဲန်ဂျီ
အရပ်သား အစိုးရသစ် လက်ထက် မြန်မာစစ်တပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ပြည်တွင်းစစ်သို့ ပြန်လည် ဦးတည်နိုင်ကြောင်း ပြည်ပအခြေစိုက် ကချင် အမျိုးသား အစည်းအရုံး KNO မှ ယနေ့ ဧပြီ ၂၄ တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

KNO နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် Memorandum of Understanding (MoU) ဟု ခေါ်သည့် ကချင်အမျိုးသားများ နိုင်ငံရေးလွတ်မြောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး အတူ လက်တွဲအလုပ်လုပ်ရန် သဘောတူညီချက် ကို ၂၀၁၁ ဇန်နဝါရီ ၂၂ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အစိုးရတပ်မှ ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက KNO သည် ကချင်ပြည်သူများနှင့် လက်တွဲကာ ကချင်ဒေသများကို ကာကွယ်မည့် စီမံကိန်းကြီးအား အားထုတ်ကြိုးပမ်း အကောင်ထည်ဖော်သွားမည်ဟု သတိပေးထားသည်။

ကချင်ပြည်တွင်း သာမက မြန်မာနို်င်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ နယ်မြေများတွင် အစိုးရသစ် လက်ထက် ထိုးစစ်တိုက်ခိုက်နေမှုများသည် ပြည်တွင်းစစ်ကြီးကို ဖြစ်လာစေနိုင်ကြောင်း ကိုလည်း ထောက်ပြထားသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင်နှင့် အပြီးတွင် အစိုးရတပ်မှ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းစခန်းများဖြစ်သည့် တပ်ရင်း ၁၈ အောက် ဆွတ်ရှန်စခန်း (Sut Shang Post)၊ အင်ဘူကောင်စခန်း (Nbu Kang Post) နှင့် ပေါင်ဆေး (Pau Se) ဘက်ရှိ စခန်း ၂ ခု၊ စုစုပေါင်း KIA ရှေ့တန်းစခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထို့အပြင် ယခုအပတ်အတွင်း လိုင်ဇာဗဟိုဌာနချုပ်အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေတွင်လည်း အစိုးရတပ််နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ကချင်အမျိုးသားအစည်းအရုံး KNO ကို ပြည်ပရောက် ကချင်အမျိုးသားများမှ ၁၉၉၉ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...