KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ

KIA စတုထ္တမြောက် ရှေ့တန်းစခန်း ဆုတ်ခွာ ခဲ့ရ
by -
ကေအဲန်ဂျီ
အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ စတုထ္တမြောက် စခန်းငယ်တစ်ခုကို ယနေ့ မနက် ပိုင်းတွင် ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာမှာ ယမန်နေ့ KIA မှ တတိယ မြောက်စခန်းအဖြစ် ဆုတ်ခွာပေးလိုက်ရသော KIA လိုင်ဇာ ဗဟိုဌာနချုပ်အနီး တပ်ရင်း ၁၈ အောက် Pau Se ရှေ့တန်းစခန်းဘက်တွင် ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်မ ၂ ခုပေါင်း အင်အား ၅၀၀ ခန့်သည် KIA ပြည်သူ့စစ် MHH အဖွဲ့ ၈ ယောက်သာရှိသော စခန်းကို ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလ အတွင်းပင် အစိုးရတပ်သည် KIA ဗဟိုဌာနချုပ်အနီး ရှေ့တန်းစခန်း ၄ ခုကို သိမ်းပိုက်ပြီး ဖြစ်သော်လည်း KIA ဌာနချုပ်ဘက်မှ ပြန်လည် ခုခံတိုက်ခိုက်ရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...