အစိုးရတပ်မှ လိုင်ဇာ အနီး KIA စခန်းကို အပြင်းအထန် တိုက်ခိုက်

အစိုးရတပ်မှ လိုင်ဇာ အနီး KIA စခန်းကို အပြင်းအထန် တိုက်ခိုက်
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ အနီး KIA ရှေ့တန်း တပ်စခန်း တစ်ခုကို ယနေ့ မနက် ရ နာရီခန့်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

လိုင်ဇာမြို့၏ အနောက်မြောက်ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် နမ်ဆန်ယန်နှင့် ဘန်ဒေါင်ယန် ကြား KIA တပ်ရင်း ၁၈ ရှေ့တန်းတပ် စခန်းငယ် တစ်ခုကို အစိုးရတပ်မှ လာရောက် ပစ်ခတ် ခဲ့သည်။ ယင်း နောက် အနီးရှိ အစိုးရ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ၁ နာရီခန့် ပစ်ကူ ပေးခဲ့သည်။
 
ယခုချိန်ထိ နှစ်ဖက် တိုက်ပွဲ ဖြစ်နေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။
 
အစိုးရတပ်များ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကို မေးမြန်းရာတွင် “ဘန်ဒေါင် အနီးတစ်ဝိုက် ကျနော်တို့ရဲ့ KIA တပ် စခန်း ရှိနေတာကို သူတို့က အဲဒီ ကားလမ်း အောက်ပိုင်း ကျနော်တို့တပ် ရှိနေတဲ့ဟာကို ရှင်းပစ်လိုက်ချင်တဲ့ သဘောရှိတယ်” ဟု ပြောသည်။
 
မြန်မာနိုင်ငံတွင် လူထုရွေးကောက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရ အဖြစ် တက်လာသည့် သက်တမ်း တစ်ပတ်တွင် ယခုလို အစိုးရတပ်မှ ကချင်ပြည်နယ် အတွင်း KIA ကို ပထမဦးဆုံး စတင် တိုက်ခိုက် လိုက်ခြင်းလည်း ဖြစ်သည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...