အစိုးရတပ်မှ လိုင်ဇာ အနီး KIA စခန်းကို အပြင်းအထန် တိုက်ခိုက်

အစိုးရတပ်မှ လိုင်ဇာ အနီး KIA စခန်းကို အပြင်းအထန် တိုက်ခိုက်
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ အနီး KIA ရှေ့တန်း တပ်စခန်း တစ်ခုကို ယနေ့ မနက် ရ နာရီခန့်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

လိုင်ဇာမြို့၏ အနောက်မြောက်ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် နမ်ဆန်ယန်နှင့် ဘန်ဒေါင်ယန် ကြား KIA တပ်ရင်း ၁၈ ရှေ့တန်းတပ် စခန်းငယ် တစ်ခုကို အစိုးရတပ်မှ လာရောက် ပစ်ခတ် ခဲ့သည်။ ယင်း နောက် အနီးရှိ အစိုးရ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ၁ နာရီခန့် ပစ်ကူ ပေးခဲ့သည်။
 
ယခုချိန်ထိ နှစ်ဖက် တိုက်ပွဲ ဖြစ်နေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။
 
အစိုးရတပ်များ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကို မေးမြန်းရာတွင် “ဘန်ဒေါင် အနီးတစ်ဝိုက် ကျနော်တို့ရဲ့ KIA တပ် စခန်း ရှိနေတာကို သူတို့က အဲဒီ ကားလမ်း အောက်ပိုင်း ကျနော်တို့တပ် ရှိနေတဲ့ဟာကို ရှင်းပစ်လိုက်ချင်တဲ့ သဘောရှိတယ်” ဟု ပြောသည်။
 
မြန်မာနိုင်ငံတွင် လူထုရွေးကောက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရ အဖြစ် တက်လာသည့် သက်တမ်း တစ်ပတ်တွင် ယခုလို အစိုးရတပ်မှ ကချင်ပြည်နယ် အတွင်း KIA ကို ပထမဦးဆုံး စတင် တိုက်ခိုက် လိုက်ခြင်းလည်း ဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...