ကံကော် ကျောင်းသားများ၏ နွေရာသီ ပညာရေး ရံပုံငွေရှာ စျေးရောင်ပွဲ

ကံကော် ကျောင်းသားများ၏ နွေရာသီ ပညာရေး ရံပုံငွေရှာ စျေးရောင်ပွဲ
by -
ကေအဲန်ဂျီ
ကချင်လူငယ် ၁၄ ဦးအပါအဝင် မြန်မာပြည်အရပ်ရပ်မှ လူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးနေတဲ့ ကံကော်ပညာရေးစင်တာ ကျောင်းသူ/သားများ၏ တိုင်းရင်းရိုးရာအစားအသောက်စုံ နှင့် အသုံးအဆောင် စျေးရောင်းပွဲကြီး ကို ယနေ့ ရန်ကုန် ပြည်လမ်းမ ပေါ်ရှိ ယုဒဿန် ခန်းမတွင် ပြုလုပ်ခဲ့သည်။

“ယခု အစီအစဉ် လုပ်ရခြင်းမှာ မတူညီတဲ့ တိုင်းရင်းသားရိုးရာဓလေ့တွေအပေါ် အချင်းချင်း ပိုမို နားလည်တတ်စေရန်နှင့် service learning program လို့ခေါ်တဲ့ နွေရာသီ ဝေးလံခေါင်ပါး ဒေသမှာရှိတဲ့ ကျေးလက် ကျောင်းသူ/သားများအား ပညာသင်ပေးမယ့် အစီစဉ်မှာ ယခု အကျိုးအမြတ်တွေကို အသုံးပြုသွားဖို့ဖြစ်ကြောင်း” ကံကောင်းပညာရေးစင်တာ ကျောင်းအုပ် စောခုုိင်သက်ထွန်း က ကချင်သတင်းဌာန KNG ကိုပြောသည်။

သပြေပညာရေးဖောင်ဒေရှင်း၏ အောက်တွင်ရှိသော ကံကော်ပညာရေးစင်တာတွင် လက်ရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ဝ၊ ပအို့ တိုင်းရင်းသား လူငယ် စုစုပေါင်း ၆၁ ဦး ပညာသင်ကြားနေကြောင်း ကျောင်းအုပ်ဆရာ က ပြောသည်။

ကံကော်ပညာရေးစင်တာသည် အဓိကအားဖြင့် Community Leadership And Social Studies (CLASS) ခေါ်သည့် တစ်နှစ်တာ Diploma အစီစဉ်ဖြင့်  နိုင်ငံရေးသိပ္ပံ၊ စီပွားရေး၊ ကမ္ဘာ့သမိုင်း၊ နို်င်ငံတကာ ဆက်ဆံရေး၊ ကျားမ ရေးရာ၊ လူမှုရေးသိပ္ပံ၊ အင်္ဂလိပ်စာ ဘာသာရပ် နှင့် ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်နည်း စသည့် ဘာသာရပ်များကို လူငယ်များအား သင်ကြားပေးနေခြင်းဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...