အစိုးရတပ်နှင့် KIA စီစီဝမ် တောင်ကုန်း ပေါ် တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် KIA စီစီဝမ် တောင်ကုန်း ပေါ် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ယနေ့ မတ် ၂၄ ညနေပိုင်းတွင် အစိုးရ တပ်မ ၉၉ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၇ တို့ကြား ရှမ်းပြည်မြောက်ပိုင်း ဒဘန်တောင် (စီစီဝမ်တောင်ကုန်း) ပေါ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သောနေရာသည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) စီစီဝမ်တောင်ကုန်း (ကချင်လို Da Bang Bum) ဖြစ်ပြီး ယင်းသည် နမ်တောင်း နှင့် မုန်းဘော် ကြားတွင် တည်ရှိသည်။

အစိုးရ တပ်မ ၉၉ စစ်ကြောင်းတစ်ခုသည် နမ်တောင်းဘက်မှ မုန်းဘော်သို့ တက်လာစဉ် KIA တပ်မဟာ ၆ အတွင်းရှိ အသစ်ဖွဲ့စည်းလိုက်သည့် တပ်ရင်း ၃၇ တပ်ဖွဲ့က ဗုံးဖြင့် သုံးကြိမ်ဖောက်ခွဲပြီးနောက် အပြန်အလှန် ပစ်ခတ်မှု အချိန်တို ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ ၆ အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ခို်က်မှုတွင် အစိုးရတပ်မှ သေဆုံး ထိခိုက်မှု ရ ဦးခန့် ရှိနိုင်ကြောင်း ရှေ့တန်း သတင်းပေးပို့ချက်ကို အခြေခံပြီး KIA တပ်မဟာ ၆ အရာရှိမှ ဆက်ဆိုသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် အသစ်ဖွဲ့စည်းတိုးချဲ့လိုက်သည့် KIA တပ်မဟာ ၆ ကို အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ယင်းဒေသသို့ အစိုးရတပ် အင်အား ၃၀၀၀ ကျော်ခန့် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကချင်သတင်းဌာန KNG မှ စုံစမ်းသိရှိရသည်။

မြန်မာ့ တပ်မတော်ထဲ တပ်မ စုစုပေါင်း ၁၀ ခုရှိသည့်အနက် ၅ ခုဖြစ်သည့် တပ်မ ၁၁၊ ၅၅၊ ၆၆၊ ၈၈ နှင့် ၉၉ တို့သည် ယခု KIA တပ်မဟာ ၆ နယ်မြေ မုန်းကို၊ မုန်းဘော်၊ ပန်ဆိုင်း (ကြူကုတ်)နှင့် မုန်းစီ ဒေသများတွင် စစ်ရေး လှုပ်ရှားနေပြီ ဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...