ကနေဒါအစိုးရ၏ အကူအညီဖြင့် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

ကနေဒါအစိုးရ၏ အကူအညီဖြင့် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကနေဒါနိုင်ငံအစိုးရ၏ အကူအညီဖြင့် ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖိုရမ် တစ်ခုကို အောက်တိုဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းအလုပ်ရုံ ဆွေးနွေးပွဲကို စစ်တွေမြို့ ရှုခင်းသာလမ်းအနီး RV သောက်စားဆိုင် ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အရပ်ဖက် လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ အပါအဝင် စိတ်ပါဝင်စားသူ ၆၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့်ပြုလုပ်သည့် ၎င်းအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးဆိုင်ရာ မူဝါဒ အပိုင်းကို ပုံဖော် ဆောင်ရွက်သည့်အခါ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖက်ဒရယ် ပြည်ထောင်စု ဖိုရမ် အကြီးတန်း သင်တန်းအရာရှိ ဦးခိုင်ကျော်မိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတတွေနဲ့ တစ်စုံတစ်ရာ ရရှိပြီး အသုံးပြုနိုင်အောင် ရည်ရွယ်ပါတယ်။ ဒါ့ပြင် ပုံတူကူးချတာမျိုးမဟုတ်ပဲ ကိုယ့်မြေခံ ရေခံနဲ့ စဉ်စား ပြီးတော့ ဒီဇိုင်းတစ်ခုကို ဖော်နိုင်အောင်ရယ်၊ ဒါပေမယ့် ဘယ်နိုင်ငံမှာ ဘယ် ပုံစံကောင်းလို့ ဆိုပြီး အတုယူရတဲ့ ပုံစံမျိုးမဟုတ်ပဲ ကိုယ့်မြေခံ၊ ကိုယ့်ရေခံနဲ့ ဖေါ်ဆောင်နိုင်အောင် နိုင်ငံတကာရဲ့ အတွေအကြံုတွေကို နိုင်ငံ တကာ ပညာရှင်တွေကနေ တဆင့် ဝေမျှဖို့အတွက် ဒီ အလုပ်ရုံဆွေးနွေးပွဲ ဖိုရမ်ကို ကျွန်တော်တိို့ လုပ်တာဖြစ်ပါတယ် ” ဟု ပြောသည်။

ဖိုရမ်တွင် သင်တန်းဆရာအဖြစ် အိန္ဒိယနိုင်ငံမှတစ်ဦး၊ ကနေဒါနိုင်ငံမှ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ တစ်ဦးတို့ပါ၀င်ပြီး မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုဖိုရမ် အကြီးတန်း သင်တန်းအရာရှိ ဦးခိုင်ကျော်မိုးတို့က တာဝန်ယူ ပြုလုပ်နေကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...