မြေပုံမြို့နယ်တွင် ရှေးဟောင်းဘုရားအား ပြန်လည်မွမ်းမံရန် မြေတူးရာမှ စစ်ကျန်ဗုံး ၄ လုံးတွေ့

မြေပုံမြို့နယ်တွင် ရှေးဟောင်းဘုရားအား ပြန်လည်မွမ်းမံရန် မြေတူးရာမှ စစ်ကျန်ဗုံး ၄ လုံးတွေ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရှေးဟောင်းဘုရားအားပြန်လည်မွမ်းမံရန် မြေတူးရာမှ အောက်တိုဘာ ၃ဝ ရက်နေ့နံနက်ပိုင်းတွင် စစ်ကျန်ဗုံးဟုယူဆထားသည့် ဗုံး ၄ လုံးနှင့် ကျည်ဆံ ၁ တောင့်တွေ့ရှိခဲ့ကြောင်း မြေပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ အတည်ပြုသည်။

14595668“ဗုံးအမျိုးအစားကိုတော့ ကျွန်တော်တို့ မသိသေးဘူး။ စစ်လက်ကျန်ဗုံးလို့တော့ သိရပါတယ် ”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ယခုတွေ့ရှိခဲ့သည့်ဗုံးမှာ အရှည် ၈ လက်မနှင့် လုံးပတ် ၆ လက်မခန့်ရှိသည်ဟု ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူ မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက နိရဥ္စရာကိုပြောသည်။

“မြေပုံမြို့ရဲ့ မြောက်ဘက် ၃ မိုင်လောက်မှာရှိတဲ့ ဓာတ်တောင်ပေါ်မှာ တည်ထားတဲ့ နှစ် ၁ဝဝ ကျော်ရှိပြီဖြစ်တဲ့ ရှေးဟောင်းစေတီကို ပြန်မွမ်းမံဖို့ မြေတွေတူး၊ အုတ်ခဲတွေတူးရာကနေ အခုလိုတွေ့ရှိခဲ့တာပါ။ ပထမတော့ ၃ လုံးတွေ့တယ်။ နောက် ၁ လုံး ထပ်တွေ့တယ်။ ကျည်လည်း ၁ တောင့်ပါတယ်။ ဗုံးတွေကတော့ မပေါက်သေးတဲ့အနေအထားပါ”ဟု ဦးမြသန်းက ဆိုသည်။

ဒေသခံများ၏အပြောအရ အဆိုပါဗုံးများနှင့် ကျည်ဆံများကိုတွေ့ရှိခဲ့သည့်နေရာမှာ ယခင်က ဂျပန်စစ်တပ်များ တပ်စခန်းချခဲ့သည့်နေရာတစ်ခုဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါဗုံးများနှင့်ပတ်သက်ပြီး GE တပ်ကို အကြောင်းကြားထားပြီး တပ်ကို လွှဲပြောင်းပေးအပ်သွားမည်ဟုလည်း မြေပုံမြို့မရဲစခန်းက ဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...