စစ်ဘေးရှောင် မိသားစုများအတွက် ကျပ်သိန်း ၂၀ နှင့် အသင့်ကျော်ထားသောငါးခြောက်ကျော် ပိသာ ၅၀ လှူဒါန်း

စစ်ဘေးရှောင် မိသားစုများအတွက် ကျပ်သိန်း ၂၀ နှင့် အသင့်ကျော်ထားသောငါးခြောက်ကျော် ပိသာ ၅၀ လှူဒါန်း
by -
နိရဥ္စရာ
စစ်တွေ အခြေစိုက် သန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသားများအတွက် လိုအပ်သော နေရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၂၀ ကို အလိုတော်ပြည့် ဆရာတော်ကြီးထံမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပြင် ဘူူသီးတောင်တွင်ရောက်ရှိနေသော စစ်ပြေးရှောင် ရခိုင်တိုင်းရင်းသားများအတွက် အသင့်စားနိုင်ရန် ငါးပါးခြောက်စပ်ကြော် ပိသာ ၅၀ ကိုလည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ များမကြာမီက ပို့ပေးလှူဒါန်းခဲ့သည်။

14713802 1311277322217675 7647605369440760470 n 1

“ မိမိတို့ လူမျိုးတွေ ဒုက္ခရောက်ကြရတော့ တတ်နိုင်သလောက် ကူညီတာ ဖြစ်ပါတယ်။ ရိက္ခာတွေ ပြတ်လပ်နေတာကို ကိုယ်တိုင်မောင်တောကို သွားခဲ့တုန်းက တွေ့မြင်ခဲ့ရတယ်။ အလိုတော်ပြည့် ဆရာတော်ကြီးကလည်း ကိုယ်တိုက် ကမကထ ပြုလုပ်ပြီး ဆန်အိတ်တွေ လှူဒါန်းနေတဲ့အတွက် ဆန်အိတ် ၁၀၀ ဖိုး ကျပ်သိန်း ၂၀ ကို ဆရာတော်ကြီးကတစ်ဆင့် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဦးဦးသန်းနိုင်က ပြောဆိုသည်။

အသင့်စားနိုင်ရန် ပြုလုပ်ထားသော ငါးပါးခြောက်ကြော်များကို အိတ်ငယ်များတွင် Package အထုပ်ငယ်များပြုလုပ်ပြီး ဘူးသီးတောင်သို့ အမြန်ယာဉ်ဖြင့် ပို့ဆောင်ပြီး လှူဒါန်းခဲ့သည်ဟု သိရသည်။

ဦးဦးသန်းနိုင်သည် လက်ရှိအချိန်တွင် ရသေ့တောင်မြို့နယ် မှ ရခိုင်ပြည်နယ် လွှတ်ကိုယ်စားလှယ်လည်း ဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...