ပုဏ္ဍားကျွန်း မက္ကလာကျတာတမံ ဆည်ဖို့မပေးလျှင် လယ်မြေဧက ရာချီ၍ ပျက်နိုင်

ပုဏ္ဍားကျွန်း မက္ကလာကျတာတမံ ဆည်ဖို့မပေးလျှင် လယ်မြေဧက ရာချီ၍ ပျက်နိုင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် မက္ကလာကျ ဆည်အား ယခုနှစ် မိုးမကုန်မီ နောက်ထပ် အရှည် ပေတစ်သောင်းခန့် ဆယ်ဖို့ မပေးပါ စပါး စိုက်ပျိုးထားသော လယ်မြေဧက ၃၀၀ နီးပါးခန့်မှာ ဆားငံရေ ၀င်ရောက်ပြီး ပျက်စီးသွားနိုင်ကြောင်း ဒေသခံ တောင်လယ်သမားများက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ယခင် အစိုးရ ၀န်ကြီး ဦးအောင်သန်းတင်လက်ထက်က မက္ကာလာကျ ဘုန်းကြီးကျောင်းကနေ ပေ ၅၀၀၀ ထိ ဆည်ဖို့ ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပေ ၅၀၀၀ ဆည်ထားပြီးတဲ့ နေရာက ဆည်မြောင်းတာတမံခေါင်းထိ နောက်ထပ် ပေ ၁၀၀၀၀ ခန့် ဒီနှစ် မိုးမကုန်မီ ဆည်ဖို့ပေးစေချင်ပါတယ်။ မဟုတ်ရင် ဆားငံရေ ၀င်ပြီး စပါးစိုက် ဧက ၃၀၀ နီးပါး ပျက်စီးသွားနိုင်ပါတယ်” ဟု မက္ကာလကျကျေးရွာမှ တောင်သူ တစ်ဦးဖြစ်သူ ဦးဘအေးက ပြောသည်။

တာတမံ အရှည် ၅မိုင် ၂ ဖာလုံရှိသော မက္ကလာကျ အစိုးရ ဆည်မြောင်းတာတမံ ပျက်စီးနေသဖြင့် စပါးစိုက်ဧက ၁၃၂၅ အနက်မှ ဧက ၆၀၀ သာစိုက်ပျိုးနိုင်ပြီး ကျန် လယ်မြေများကို မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေသည်ဟု သိရသည်။

Narin171

နောက်ထပ် ပေတစ်သောင်း ယခုနှစ်မိုးမကုန်မီ ဆည်ဖို့ မပေးပါက နောက်ထပ် ဧက ရာနှင့်ချီသော စပါးစိုက်ခင်းများ ပျက်စီးသွားနိုင်သဖြင့် လယ်သမားများအနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

မက္ကာလာကျ တာတမံအား မက္ကလာကျ၊ ကြိမ်ချောင်း၊ ကုလားချောင်းစသည့် ကျေးရွာများမှ လယ်သမား ၁၀၀ ခန့် မှီခိုအားနေထားနေကြရသည်။

“ မက္ကလာကျ တာတမံကို အစိုးရက ၁၉၆၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆည်ထားတဲ့ တာတမံတွေ အပိုင်းလိုက်ပျက်စီးသွားတယ်။ ဒါကိုလွန်ခဲ့တဲ့ အစိုးရလက်ထက်မှာ ပေ ၅၀၀၀ ဆည်ပေးခဲ့တယ်။ နောက်ထပ် တစ်သောင်းခန့် ဒီနှစ် မိုးမကုန်မီ ဆည်ပေးရင် စပါးစိုက် လယ်ဧက ၃၀၀ ခန့် ဆားငံရေ ၀င်ရောက်မှာ မဟုတ်တဲ့ အတွက် လယ်သမားတွေအတွက် စိတ်ချမ်းသာမှု ရစေမှာ ဖြစ်ပါတယ်” ဟု ဦးဘအေးက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် ဆည်မြောင်းသို့ အဆက်အသွယ် မရရှိ၍ မေးမြန်းနိုင်ခြင်း မရှိပါ။

မက္ကလာကျ တာတမံနှင့် လယ်မြေများကို တွေ့ရစဉ်

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...