မောင်တောမြို့နယ်မှ နေရပ်စွန့်ထွက်ပြေးလာသူ ၂၀၀ ကျော် ဘူးသီးတောင်သို့ ရောက်ရှိ

မောင်တောမြို့နယ်မှ နေရပ်စွန့်ထွက်ပြေးလာသူ ၂၀၀ ကျော် ဘူးသီးတောင်သို့ ရောက်ရှိ
by -
နိရဥ္စရာ
တိုက်ပွဲများ ဖြစ်ပွားနေသောမောင်းတောမြို့တွင် လုံခြံုရေးစိုးရိမ်ရသဖြင့် စွန့်ခွာ ထွက်ပြေးလာသူ ၂၀၀ ကျော်သည် ယနေ့အောက်တိုဘာလ ၁၃ရက်တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

လက်ရှိရောက်ရှိလာကြသည့် စစ်ပြေးရှောင် ဒုက္ခသည်များအား  ဘူးသီးတောင်မြို့ သုဓမ္မာရုံ ဘုန်းတော်ကြီး ကျောင်းတွင် နေရချ ထားပေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ နိရဥ္စရာသို့ ပြောသည်။

“ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပေမယ့် စားရေးသောက်ရေး အခက်အခဲရှိနိုင်ကောင်း ရှိလာနိုင်ပါတယ်။ လက်ရှိတော့ စေတနာရှင် အကူအညီတွေနဲ့ ကျွေးမွေး စောင့်ရှောက်ထားပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ရောက်ရှိနေသည့် ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူ ဦးမောင်ဝင်းနိုင်ကလည်း လူဦးရေများလာပါက နေရာထိုင်းခင်းအဆင်မပြေဖြစ်လာနိုင်သဖြင့် ဘူးသီးတောင် အထက(၁) ခွဲ သို့ပြောင်းရွေ့ဖို့ စီစဉ်နေကြောင်း၊ အကူအညီများလိုအပ်ကြောင်း နိရဥ္စရာသို့ပြောသည်။

Narin135

မောင်တောမြို့နယ် အောင်ဇေယျကျေးရွာမှ ထွက်ပြေးလာသူ  ဦးစံထွန်းက အခြေအနေ အလွန် ဆိုးဝါးကြောင်း၊ လုံခြံုရေးအားနည်းခြင်းနှင့်  စားဝတ်နေရေးအခက်အခဲများကြောင့် ထွက်ပြေးလာရတာဖြစ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ရွာမှာဆိုရင် လူလတ်ပိုင်းယောကျင်္ားတွေသာ ကျန်ခဲ့တယ်။ ကျန်တွေအကုန်လုံး ထွက်ပြေး လာကြပါတယ်။ ပြဿနာဖြစ်တော့ ကျည်ဆံတွေတောင် ကျွန်တော်တို့ရွာကိုရောက်ပါတယ်။ ရိုဟင်ဂျာ၊ ရိုဟင်ဂျာအော်ပြီးတော့ သွားနေကြတာကို မြင်နေရပါတယ်။ အခု လက်ရှိ ထွက်ပြေးလာနေတဲ့ သူတွေကိုတောင် ဘင်္ဂလီတွေက သစ်ပင်တွေခုတ်လဲ လမ်းပိတ်ထားတယ်လို့ ဖုန်းနဲ့လှမ်းပြောပါတယ်” ဟု ဆက်ပြောသည်။

လက်ရှိဘူးသီးတောင်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များမှာ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝတ်ချောင်းတို့မှ  ဒုက္ခသည်များ ဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...