ကိုးတန်ကောက်တိုက်ပွဲ နှစ်ဖက်ကျဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ နှစ်ဦး၊ နိုင်ငံခြားသားဟု ယူဆရသူ တစ်ဦးဖမ်းမိ

ကိုးတန်ကောက်တိုက်ပွဲ နှစ်ဖက်ကျဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ နှစ်ဦး၊ နိုင်ငံခြားသားဟု ယူဆရသူ တစ်ဦးဖမ်းမိ
by -
နိရဥ္စရာ
ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်တပ်ဖွဲ့အား စက်တင်ဘာလ ၉ နံနက် သုံးနာရီက ၀င်ရောက် တိုက်ခိုက်ရာ နယ်ခြားစောင့်တပ်ဖွဲ့မှ တစ်ဦးကျဆုံးပြီး ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သည်။

Arakan northလာရောက်တိုက်ခိုက်သူ အဖွဲ့ ဘင်္ဂလီကို တစ်ဦးအသေဖမ်းမိပြီး နောက်တစ်ဦးကို အရှင်ဖမ်းမိသည်ဟု မျက်မြင်သွားကြည်ခဲ့သူ ကိုးတန်ကောက် ရွာသားတစ်ဦးက ပြောသည်။

“ ကုလား တစ်ဦး အသေမိပါတယ်။ တစ်ယောက်က အရှင်ဖမ်းမိပါတယ်။ ဖမ်းမိတဲ့သူက ဒီကလူ မဟုတ်ပါ။ ခန္ဓာ ထောင်ထောင်မောင်းမောင်းနဲ့ တစ်ဘက်နိုင်ငံက ဖြစ်ပါတယ်။ အာရ်အက်စ်အို မဟုတ်ရင် အိုင်အက်စ်အဖွဲ့လို့လည်း ပြောနေကြပါတယ်” ဟု စခန်းထဲသို့ကိုယ်တိုင် သွားရောက် ကြည့်ခဲ့သူ ကိုးတန်ကောက်ရွာမှ လူကြီး တစ်ဦးက ပြောသည်။

ဓါးဖြင့် ခုတ်ခံရ၍ ဒဏ်ရာသူ ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တို့ကို မောင်တောသို့ ယူဆောင်သွားကြောင်း၊ သေဆုံးသူ အလောင်းကိုလည်း မောင်တောသို့ ယူဆောင်သွားကြောင်း ပြောသည်။

ကိုးတန်ကောက်စခန်းအား စက်တင်ဘာလ ၉ နံနက် ၃ နာရီခန့်က တိုက်ခိုက်ခြင်း ဖြစ်ပြီး တိုက်ခိုက်ချိန်တွင် မိုးလည်း ခပ်ဖွေးဖွေးရွာနေကြောင်း၊ ဖမ်းမိသူ၏ ထွက်ဆိုချက်အရ တိုက်ခိုက်တဲ့အထဲမှာ အဖွဲ့ဝင် ၆ ဦးပါတယ်လို့ ပြောကြောင်း၊ ကျန် ၅ ဦးခန့်လည်း ဒဏ်ရာရသွားပုံရသဖြင့် နယ်ခြားစောင့်တပ်က လိုက်ရှာနေကြောင်း၊ ထွက်ပြေးသူများသည် မယူတောင် (သို့မဟုတ်) ဘင်္ဂလီကျေးရွာများသို ့ ပုန်းရှောင်သွားပုံရကြောင်း၊ ယခုတပ်မှ ပိတ်စိုက်တိုက်ရှာဖွေနေကြောင်း ကျေးရွာလူကြီးက ပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...