ဆင်းရဲသားများ၏ ဘဝလုံခြံုရေးကို အစိုးရမှ ကာကွယ်စောင့်ရန် ကျောက်တော်မြို့တွင် အမျိုးသမီးများ တောင်းဆို

ဆင်းရဲသားများ၏ ဘဝလုံခြံုရေးကို အစိုးရမှ ကာကွယ်စောင့်ရန် ကျောက်တော်မြို့တွင် အမျိုးသမီးများ တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဆင်းရဲသားပြည်သူများ တန်းတူအခွင့်အရေး ရရှိရေးအတွက် ရခိုင်အမျိုးသမီးများကွန်ယက်မှ ဦးဆောင်ပြီး လူအင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ကာ အစိုးရကို တောင်းဆိုခဲ့သည်။

ကျောက်တော်မြို့ ဆင်းရဲသားရပ်ကွက်များတွင် လျှပ်စစ်မီး မရရှိခြင်း၊ လမ်းမီးတိုင်များ မရှိခြင်း၊ လမ်းများကို ပြုပြင်တည်ဆောင်ခြင်း မရှိခြင်းတို့အပြင် ကမ်းနားလမ်းရှိ ဆိုင်ခန်း တစ်ရာကျော်အားအားလည်း ဖျက်ဆီးပြီး ရောင်းချခွင့်ပိတ်ပင်ထားခြင်းတို့ကြောင်း ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်လှမေမှ နိရဥ္စရာသို့ ပြောသည်။

“ကျွန်မတို့ ကျောက်တော်မြို့မှာ  ဆင်းရဲသားရပ်ကွက်တွေက လျှပ်စစ်မီးမရှိဘူး၊ လမ်းတောင် ကောင်းကောင်း မရှိဘူး။ ဒီကြားထဲ ကမ်းနားလမ်းဆိုင်ခန်းတစ်ရာကျော်ကိုလည်း ဖျက်ဆီး ပိတ်ပင်ပြီးတော့ တရားစွဲဆိုခြင်းနဲ့လည်းရင် ဆိုင်နေရတယ်၊ မြို့မိမြို့ဖကတွေကလည်း ဘာမှ ကြည့်ရှုခြင်း မရှိပါဘူး” ဟု သူမက ဆိုသည်။

ထိုကဲ့သို့ ဆင်းရဲသားများကို သက်ဆိုင်ရာ အာဏာပိုင်များမှ လစ်လျူရှုမှု၊ မြို့ပေါ်ရှိ ငွေရှင်ကြေးရှင်များ ညာတာမှုကင်းမှု စသော လုပ်ရပ်များကို မခံရပ်နိုင်သဖြင့် အမျိုးသမီးများ ဦးဆောင်ကာ ယနေ့တွင် လူအင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရသည်ဟုလည်း သူမက ပြောသည်။

ကျောက်တော် ကမ်းနားလမ်းရှိ ဖြိုဖျက်ခဲ့သော ဆိုင်ခန်းများအား ဖြိုဖျက်ပြီးနောက် နေရာသစ်ချပေးမည်ဟု ယခင် ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ်များ ဖြစ်ကြသော  ဦးမောင်မောင်အုန်းနှင့်  ဦးမြအောင်တို့ ပြောကြားခဲ့သော်လည်း အကောင်အထည်မဖော်ပေး သည့်အပြင် ခုလက်ရှိ မဖြိုဖျက်ဘဲ ကျန်နေခဲ့သည်  ဆိုင်ခန်းနှစ်ခုကို တရားစွဲဆိုထားပြီး ဒဏ်ငွေ ၅ သိန်းစီ တပ်ထားသည်ဟု သူမက ဆက်ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါ၀င်ခဲ့သူ  လမ်းဘေးစျေးသည် ဒေါ်ခင်သောင်းကလည်း ကမ်းနားလမ်းဆိုင်ခန်းတွင် စျေးရောင်းချခွင့်မရှိတော့ သဖြင့် ကျောက်တော်မြို့နယ် မြို့မိမြို့ဖများ၊ ပြည်နယ်အစိုးရအနေဖြင့် ဒီမိုကရေစီ စနစ်ကို လေးစားဖို့၊  အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့လိုကြောင်း ပြောကြားသည်။

ယနေ့ ဆန္ဒဖော်ထုတ်သူ အမျိုးသမီးများသည် ကမ်းနားလမ်းရှိ စျေးဆိုင်များကို ဖြိုဖျက်ရာတွင် ပါ၀င်သူ ဒေါက်တာထွန်းအေးအား  အလိုမရှိ ဆိုသည့် ပိုစတာနဲ့ ကြွေးကြော်သံများကို ကြွေးကြော်ပြီး  ကန့်ကွက်ရန် အစီအစဉ်ရှိခဲ့သော်လည်း ဟန့်တားမှု တစ်ချို့ရှိခဲ့သည်ဟု ဒေါ်လှမေက ပြောသည်။

ကျောက်တော်မြို့ မြို့မိမြို့ဖ အဖွဲ့တွင် အမျိုးသမီးများ ပါ၀င်ဖို့လိုကြောင်း၊ အမျိုးသမီးများကို ထည့်သွင်း မဖွဲ့စည်းနိုင်ပါက  မြို့မိ မြို့ဖ စကားလုံးတွင် “ မြို့မိ” ဟူသော အသုံးအနှုန်းကို မသုံးရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူများသည်  ဆင်းရဲသားလူတန်းစားများဘဝ တန်းတူအခွင့်အရေးရရှိရေး၊ အိုးမဲ့ အိမ်မဲ့များ အိုးအိမ်နေရာရရှိရေး၊ ဆင်းရဲသားပြည်သူများ၏ ဘဝကို အစိုးရမှ ကာကွယ်ပေးရေး၊ လူထုဆန္ဒမဲဖြင့် တရားဝင် မြို့မိ မြို့ဖများရွေးချယ်ပေးရေး၊ ဆင်းရဲသားလက်လုပ်လက်စားများအား ပုတ်ခတ်စော်ကားသည့် မြို့မိမြို့ဖအလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...