မောင်တောမြို့နယ် နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံရ

မောင်တောမြို့နယ် နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံရ
by -
နိရဥ္စရာ
ရခို်င်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်ရှိ ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ်၊ ငခူရ စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းများ ယနေ့ နံနက် အစောကြီး ညဥ့် ၁ နာရီကျော်ကနေ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

Quarter 2နိရဥ္စရာမှ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ ကျီးကန်းပြင်ဌာနချုပ် တိုက်ခိုက်ခံရကြောင်း၊ သတင်းအတိအကျ မသိရသေးကြောင်း၊ ငခူရတွင်လည်း ဖြစ်သည်ဟု ကြားရကြောင်း အတည်ပြုပြောဆိုသည်။

“ ကျီးကန်းပြင် နယ်ခြာဒစောင့် ဌာနချုပ်ကို ၀င်တိုက်တိုက်တယ်။  ကုလားတွေ ဖြစ်ဖို့များပါတယ်။ သတင်းအတိအကျတော့ မသိရသေးဘူး။ ငခူရမှာလည်း ဖြစ်တယ်။  ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ဖြစ်တယ်။ ကိုးတန်ကောက်မှာတော့ ကုလား တစ်လောင်းရပါတယ်” ဟု သူက ဆက်ပြောသည်။

တပ်မတော် စစ်ကြောင်းများက ယခင်ကပင် အင်အားဖြည့်တင်းထားကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

ယနေ့ နံနက် ၅ နာရီကျော်ခန့်က ငခူရ ကျေးရွာသို့ ဆက်သွယ်မေးမြန်းရာ သေနတ်ပစ်ခတ်သံများကို ကြားနေရသေးကြောင်း၊ ညဥ့် ၃ နာရီကျော်က သေနတ်သံ အဆက်မပြတ် ကြားခဲ့ရကြောင်း၊ ၄ နာရီခန့်မှ စ၍ သေနတ်သံနည်းသွားကြောင်း၊ စခန်းမှာ ငခူရ ရွာနှင့် နည်းနည်းဝေး၍ ဘာဖြစ်နေသည်ကို အသေးစိတ် မသိရသေးကြောင်း၊ ရခိုင်ဒေသခံများအနေဖြင့် ရွာထဲတွင် စုရုံးနေထိုင်ပြီး သတင်းများကို နားစွင့်နေကြောင်း ပြောကြားသည်။

မောင်တောဆေးရုံသို့ ဆက်သွယ်ရာ ၀န်ထမ်းတစ်ဦးက ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ်မှ ဒဏ်ရာဖြင့် ရဲတပ်ဖွဲ့ဝင် သုံးဦးဆေးရုံ လာတင်ရာ တစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...