စက်မှုဇုန်အကြောင်းပြသိမ်းထားသော မြေများကို ရခိုင်လွှတ်တော်က စစ်ဆေးမည်

စက်မှုဇုန်အကြောင်းပြသိမ်းထားသော မြေများကို ရခိုင်လွှတ်တော်က စစ်ဆေးမည်
by -
နိရဥ္စရာ
သိမ်းဆည်းထားသော မြေများကို သူပိုင်ကိုယ်ပိုင် အကွက်ရိုက်ထားကြပုံ/ ဓါတ်ပုံ- နောင်ခိုင်အောင်
သိမ်းဆည်းထားသော မြေများကို သူပိုင်ကိုယ်ပိုင် အကွက်ရိုက်ထားကြပုံ/ ဓါတ်ပုံ- နောင်ခိုင်အောင်
စက်မှုဇုန်ကို အကြောင်းပြပြီး သိမ်းထားသော စစ်တွေ မြို့ ဆတ်ရိုးကျ တစ်ဖက်ကမ်း လယ်မြေဧက ၁၄၀ ကို အစိုးရ အရာရှိတစ်ချို့မှ အကွက်ရိုက် ရောင်းစားနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ် လွှတ်တော်မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်နယ် လယ်ယာမြေစိစစ်ရေးကော်တီအဖွဲ့ဝင် ဦးကျော်ဇောဦးက “ စိစစ်ဖော်ထုတ်သွားပါမယ်။ သိမ်းယူထားတာ မဟုတ်ရင် မူလပိုင်ရှင်တွေပြန်ရမယ်။ ဟုတ်တယ်ဆိုရင်လည်း အဲလို ယူထားတာဟာ  တရားဝင်သလား၊ မဝင်ဘူးလား။  အဲသလိုခွဲခြမ်းယူတာဟာ အာဏာအလွဲသုံးစားလုပ်မှုတွေပါလား၊ မပါဘူးလား။ ပါရင် တရားဥပဒေအရ ဘယ်လိုအရေးယူမလဲဆိုပြီး စိစစ်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု  စက်တာဘာလ ၃၀ ရက်နေ့က နိရဥ္စရာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင် ပြည်နယ်လွှတ်တော်မှ  ရခိုင်ပြည်နယ် လယ်ယာမြေစိစစ်ရေးကော်တီအဖွဲ့အား ဖွဲ့စည်းထားပြီး ယင်းအထဲတွင် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးသည် အဖွဲ့ဝင် အဖြစ် ပါ၀င်သည်။

အဆိုပါလယ်ယာမြေများသည် စစ်တွေမြို့နယ် တစ်ဘက်ကမ်း ဆတ်ရိုးကျရက်ကွက်တွင် တည်ရှိခြင်း ဖြစ်ပြီး  စက်မှုဇုံ တည်ဆောက်မည် ဟု အကြောင်းပြပြောဆိုကာ စစ်အစိုးရမှ ၁၉၉၃ ခုနှစ်က စတင်ကာ  သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်း ၂၃ နှစ် ကြာမြှင့်ဖြစ်သော်လည်း စစ်တွေ စက်မှုဇုန်မှာ အကောင်အထည် မပေါ်လာဘဲ ယခုလက်ရှိ အချိန်တွင် အစိုးရဌာနဆိုင် ရာတစ်ချို့မှ အဆိုပါမြေကွက်များကို အကွက်ရိုက်ကာ အရောင်း အဝယ်လုပ်နေကြသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယခုကဲသို့ စစ်ဆေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသိမ်းဆည်းခံ လယ်ယာမြေများမှာ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံလယ်သမား ၁၃ ဦးပိုင်ဆိုင်သည့်လယ်ယာမြေ များဖြစ်ကြောင်း သိမ်းဆည်းခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးကျော်မောင်က နိရဥ္စရာကို ပြောသည်။

“ကျွန်တော်တို့လယ်သမား ၁၃ ဦးက ပိုင်တာပါ။ လယ်မြေတွေကို တန်ရာတန်ကြေးတစ်ခု (မဟုတ်ရင်)  နစ်နာကြေးတစ်ခုခု ပေးပေးပါလို့ သက်ဆိုင်ရာရုံးတွေဆီ စာတွေတင်ပါတယ်။ ဒါပေမယ့် ဒီနေ့ထိ ဘာတစ်ခုမှ အကြောင်းမပြန်ကြဘူး” ဟု ဦးကျော်မောင်က ဆိုသည်။

လယ်မြေများနှင့် ပတ်သက်ပြီး  ဥပဒေနှင့်အညီမှန်ကန်စွာ စိစစ်နိုင်ရန် အတွက် လိုအပ်သည့် အချက်အလက်များကို စတင်စုဆောင်းနေပြီး များမကြာမီ စတင်စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာမြေစိစစ်ရေးကော်မတီမှ တစ်ဆင့် သိရသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...