ရခိုင်ပြည်သူများ လူ့အခွင့်အရေးနစ်နာမှုများကို ဖြေရှင်းနိုင်ရန် ကိုယ်စားပြုကော်မတီဖွဲ့စည်း

ရခိုင်ပြည်သူများ လူ့အခွင့်အရေးနစ်နာမှုများကို ဖြေရှင်းနိုင်ရန် ကိုယ်စားပြုကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ
ရခိုင်ပြည်သူများ လူ့အခွင့်အရေးနစ်နာဆုံးရှုံးရမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေဂရုဏခန်းမတွင် စက်တင်ဘာလ ၂၅ ရက်နေ့က အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စစ်တွေ လူမှု အဖွဲ့ အစည်းများ ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။

၄င်းကော်မတီကို စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်း ရ၂ ဖွဲ့မှ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်၍ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

ကိုယ်စားပြုကော်မတီဖွဲ့စည်းရခြင်းအကြောင်းနှင့် ပတ်သက်၍ ဦးစိုးနိုင်က ပြောပြရာတွင် ရခိုင် လူမှု အဖွဲ့အစည်းများ၏ ညှိနှိုင်းရေးကော်မတီ(ယာယီ) ၂၀၁၅ စက်တင်ဘာလ ၁၃ရက်နေ့က ဦးစွာ ဖွဲ့စည်းကြောင်း၊ ယာယီကော်မတီဖြင့် မလုံလောက်၍ ကိုယ်စားပြုဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းနှင့််ပိုမို ကျယ်ပြန့်သော ကွန်ရက်တစ်ခုဖွဲ့စည်းနိုင်ရန် လိုအပ်ချက်ကြောင့် ယခုကဲ့သို့ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ကိုယ်စားပြု ကော်မတီ အနေဖြင့်  မြို့ပေါ်တွင် ကိစ္စတစ်ခုခုဖြစ်လာလျှင် လူမှုအဖွဲ့အစည်းများကို စုစည်းနိုင်ရန်နှင့် လူမှုအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များ ပေါ်လာလျှင် ဦးဆောင်ပြီး အကောင်အထည် ဖော်ရန်တို့ ဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...