Published
Tuesday, September 27, 2016
ရခိုင်တောင်သူလယ်သမား အကြိုညီလာခံ မြေပုံတွင်စတင်
ရခိုင်တောင်သူလယ်သမား အကြိုညီလာခံကို စက်တင်ဘာလ ၂၅ရက် နံနက် ၉ နာရီ အချိန်တွင် မြေပုံ မြို့နယ်ခန်းမတွင် စတင်ကျင်းပ ပြုလုပ်နေပြီ ဖြစ်ဖြစ်ကြောင်းသတင်းရရှိသည်။
၎င်းအကြို ညီလာခံကို ရခိုင်ပြည်နယ်အတွင်း တောင်သူလယ်သမားညီလာခံ မပေါ်ပေါက်မီ အကြိုပြုလုပ်ခြင်း ဖြစ်ပြီး တောင်သူလယ်သမားများ အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

အကြိုညီလာခံကို စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ညီလာခံသို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကိုယ်စားလည်များ အပါအဝင် မြို့နယ် ၁၆ ခုက တစ်မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးကျစီ တက်ရောက်နေကြောင်း သိရသည်။







