ဖမ်းဆီးမိသည့် AA တပ်သား ဥပဒေအညီ အရေးယူရန် မိသားစုဝင်များလိုလား

ဖမ်းဆီးမိသည့် AA တပ်သား ဥပဒေအညီ အရေးယူရန် မိသားစုဝင်များလိုလား
by -
နိရဥ္စရာ
စက်တင်ဘာလ ၁၉ ရက်နေ့ က မြန်မာ့တပ်မတော်မှ ဖမ်းဆီးမိသွားသော ရက္ခိုင့်တပ်မတော် (AA) မှ တပ်သား တစ်ဦးဖြစ်သူ ထွန်းထွန်းနိုင်ကို တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်ရန်  လိုလားကြောင်း အစ်မဖြစ်သူ ဒေါ်သန်းသန်းအေးနှင့် ဒေါ်ဦးသန်းယဉ် တို့မှ နိရဥ္စရာသို့ ပြောဆိုသည်။
njr230101
ဖမ်းဆီးခံထားရသည့် AA တပ်သားထွန်းထွန်းနိုင်

“ကျွန်မတို့ သူ့ကို တွေ့ချင်တယ်။ အခြေအနေသိချင်တယ်။ ပြစ်မှုအရ ဥပဒေနဲ့ အညီ ရဲလက်ထဲ အပ်မှာလား အပ်စေချင်တယ်။ ပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်စေချင်ပါတယ်။ ခုထိတော့ ဖမ်းဆီး ခံရတယ်လို့ ဘဲကြားရတယ်၊ တွေခွင့်လည်း မရသေးဘူး ” ဟု ဒေါ် ဦးသန်းယဉ်က ပြောသည်။

မိသားစုများသည် ကိုထွန်းထွန်းနိုင်အား တွေ့ဆုံရန် ရသေ့တောင်မြို့နယ် စေတီပြင်နယ်ခြား စောင့် စခန်းသို့ သွားရောက်ခဲ့သော်လည်း သူ့အားရဲလက်သို့ လွဲပြောင်းခြင်း မရှိသေးကြောင်း သူမက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ထွန်းထွန်းနိုင် အသက် (၃၅) နှစ်မှာ (ဘ) ဦးအောင်ကျော်သာ၊ (မိ)ဒေါ်လှစိန်ဖြူတို့၏ သားဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာတွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ကိုထွန်းထွန်းနိုင်အား လက်ရှိအချိန်တွင် ရသေ့တောင် တပ်ရင်း (၅၃၈) တွင် ထိန်းသိမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က စစ်တွေသို့ယူဆောင်သွားသည်ဟု သတင်းများ ထွက်နေကြောင်း ပြောဆိုသည်။

ရခိုင်နိုင်ငံရေး အကျဉ်းသာများအား ကူညီဆောင်ရွက်ပေးနေသည့် မြောက်ဦးမြို့ မြတန်ဆောင် ဆရာတော်ကမူ “ ကိုယ်တော်မနေ့က ရသေ့တောင်ကို သွားလိုက်ပါတယ်။ နယ်ခြားစောင့်ရဲက သူတို့ ဆီမှာ မရှိဘူး။ စစ်တပ်က ထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ ကိုယ်တော်က တွေခွင့်ရချင်တယ်။ သက်ဆိုင်ရာ ဥပဒေအရ အရေးယူ မယ်ဆိုလည်း အရေးယူပေါ့။ ခုက ဘယ်မှာ မှန််းတောင်မသိရတော့ စိုးရိမ်ရပါတယ်” ဟုနိရဥ္ဇရာသို့ပြောသည်။

ရသေ့တောင် စေတီပြင်နယ်ခြားစောင့် စခန်းကို နိရဥ္ဇရာမှ ဆက်သွယ်မေးမြန်းရာ ရဲအုပ်ဦးကျော်မြတ်သူက ဖမ်းဆီးမိကြောင်း ကြားသိရသော်လည်း သူတို့ဆီ လွဲပြောင်း ခြင်းမရှိသေးကြောင်း ပြောကြားသည်။

ယခု ဖမ်းဆီးခံထားရသူ AA တပ်သား ထွန်းထွန်းနိုင်အား မည့်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို တိကျစွာ မသိရသေးသည့် အပြင် သူအား စစ်ဆေးရာတွင် လက်လွန်သေဆုံးသွားသည်ဆိုသော သတင်းများလည်း ပျံ့နှံ့နေသဖြင့် မိသားစုများက စိုးရိမ်နေကြပြီး သူ့အား တရားဥပဒေနှင့် အညီ ရဲလက်သို့ အမြန်ဆုံး လွဲပြောင်း ပေးရန် မိသားစုဝင်များက အထူးလိုလားနေကြကြောင်း အစ်မဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောဆိုသည်။

AA မှ တပ်သား တစ်ဦးဖြစ်သူ ထွန်းထွန်းနိုင် ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် မြန်မာစစ်တပ်မှ လက်နက် ခဲယမ်းများနှင့် အတူ ဖမ်းမိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ၂၀၁၅ ခုနှစ်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ၁၇/၁၊ ၁၇/၂ တို့ဖြင့် ဖမ်းဆီးထောင်ချခံထားရသူများမှာလည်း ၅၈ ဦးထိရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...