AA နှင့် ဆက်စပ်သည့် ရွာသားလေးဦးကို ရှာဖွေရန်ဟုဆိုကာ လိုင်ဂွင်ရွာကို ပိတ်ဆို့စစ်ဆေး

AA နှင့် ဆက်စပ်သည့် ရွာသားလေးဦးကို ရှာဖွေရန်ဟုဆိုကာ လိုင်ဂွင်ရွာကို ပိတ်ဆို့စစ်ဆေး
by -
နိရဥ္စရာ
 ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁နာရီခန့်  ဖမ်းမိရသည့် ရက္ခိုင်တပ်မတော် AA မှတပ်သားတစ်ဦးနှင့် ဆက်စပ်သည့် ရွာသား ၄ဦးကို  ရှာဖွေရန်အတွက်ဆိုကာ မြန်မာတပ်မတော်မှ ရွာပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားပြီး ရွာသားကို စစ်ဆေးမေးမြန်းမှုများလုပ်နေကြောင်း ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာသားများက နိရဥ္စရာသို့ ပြောကြားသည်။

SY 220“ရွာထဲကိုတော့ လာရောက်စစ်ဆေး မေးမြန်မှုတွေလုပ်ပါ တယ်။ တပ်သားတွေ အများကြီးအသွားအလာ ရှိပါတယ်။ ရွာနဲ့မလှမ်းမကမ်းမှာတော့ အထိုင်ချထားပါတယ်” ဟု အမည်မဖော်လိုသူရွာသားတစ်ဦးကပြောသည်။

ကျေးရွာသားများမှာ ရွာပြင်ထွက်အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိနေပြီး ရွာထဲမှရွာပြင်မထွက်ရဲကြကြောင်း ၎င်းထံမှသိရသည်။

AA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအား လက်နက်ခဲယမ်းမီးကျောက်များနှင့် အတူ လိုင်ဂွင်ရွာမှ သုံးမိုင်ခန့်အကွာတွင် မြန်မာစစ်တပ်ဘက်မှ ဖမ်းမိသွားခဲ့ခြင်း နဲ့ ပတ်သတ်ပြီး ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ ရသေ့တောင်မြို့နယ်ရဲနှင့်မဆိုင် ကြောင်း ပြန်လည်ဖြေကြားသည်။

"အဲဒီနေမြေက ရသေ့တောင်အပိုင်းတော့ဟုတ်တယ်။ ဒါပေမယ့် နယ်ခြားစောင့်နဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်တော် တို့ဆီကို အမှုတွဲမရောက်ဘူး" ဟု တာဝန်ကျ ရဲတစ်ဦးကပြောဆိုသည်။

ဖမ်းဆီးခံရသည့် AA မှ တပ်သားမှာ မြောက်ဦးမြို့နယ် ကျီရာပြင်ရွာမှ ဖြစ်ကြောင်း ရွာသားများထံမှသိရသည် ။

လက်ရှိအနေအထားနှင့် ပတ်သတ်ပြီ မြန်မာ့အစိုးရစစ်တပ်ကို ဆက်သွယ်မေးမြန်းကြိုးစာနေသော်လည်း အဆက်အသွယ်မရရှိသေးပါ။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...