ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များအနေဖြင့် နယ်မြေတည်ငြိမ်တိုင် နေရပ်ပြန်ရန်ခက်ခဲ

ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များအနေဖြင့် နယ်မြေတည်ငြိမ်တိုင် နေရပ်ပြန်ရန်ခက်ခဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ  စစ်ဘေးရှောင်ဒုက္ခသည် နှစ်ထောင်နီးပါး မှာ ၆လခန့်ကြာချိန်အထိနေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ တောင်ယာစိုက်ခင်းများလည်း ပျက်စီးကုန်သဖြင့် နယ်မြေတည်ငြိမ်းအေးချမ်း၍ နေရပ်ပြန်လျှင်လည်း စားနပ်ရိက္ခာအခက် အခဲရှိနေကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ အစိုးတပ်နှင့် AA ရက္ခိုင့်တပ်မတော်တို့ကြား  တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်းစစ်ဘေးရှောင်ဒုက္ခသည်မှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ ၄ မြို့နယ်မှာ အိမ်ထောင်စု ၄၀၀  ခန့် ဒုက္ခသည် ၂၀၀၀ နီးပါးထိရှိကာ အစိုးရမှလည်း ထိရောက်သော အကူအညီပေး ဆောင်ရွက်မှုမျိုးမတွေရကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွတ်တော် ကိုယ်စာလှယ် ဦးအောင်သောင်းချေမှ နိရဥ္ဇရာသို့ပြောသည်။

“ကျွန်တော်တို့ ပြည်ထောင်စုမှာရော ပြည်နယ်ရော နှစ်ခုလုံးမှာ စစ်ဘေးရှောင်ကိစ္စအဆိုတင်တယ်။ပြည်ထောင် စုမှာ အဆိုရှုံးတယ်။ ပြည်နယ်မှာတော့  ပြည်နယ်အစိုးရက ဆောင်ရွက်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ပြောတာနဲ့ လုပ်တာက လွဲနေပါတယ်” ဟု ပြောသည်။

Nari 211

လက်ရှိမှာ စစ်ဘေးရှောင်များသည် ပြည်နယ်မှ လူမှုအဖွဲ့အစည်းများရဲ့ကူညီမှုအပြင် နီးစပ်ရာအလုပ်ထွက်လုပ်ကာ ရပ်တည်နေရပြီး စားဝတ်နေရေးခက်ခဲသောအခြေအနေဖြင့်ရင် ဆိုင်နေရကြောင်း ဒေသများမှပြောကြားချက်အရသိရသည်။

“ကျွန်တော်တို့ ရစိုးချောင်းရွာအပါအဝင် ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေက စစ်ဘေး ရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲရှိနေပါတယ်။ တပ်ဖြန်ထားတော့ သွားလာရလည်းအဆင်မပြေဘူး နေအိမ်ပြန်ဖို့ကလည်းမဖြစ်နိုင်ဘူး အကူညီမရတာ အတော်ကြာနေပါပြီ” ဟု ရစိုးချောင်းကျေးရွာမှ ဦးမောင်ဖြူညီမှ နိရဥ္ဇရာသို့ပြောသည်။

လက်ရှိအချိန်တွင် ရသေ့တောင် ရစိုးချောင်းကျေးရွာ ဖောင်တော်အနီးဗုံးပေါက်ကွဲမှုနှင့် လိုင်ဂွင်တွင် အေအေ တပ်သားတစ်ဦးဖမ်းဆီးမိတာကြောင့် စစ်တပ်များပိုမိုချထားကာ သွားလာရလည်း အဆင်မပြေ အခက်အခဲရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တစ်အိမ်ထောင်လျှင်ကျပ် ၂ သိန်းခန့်ယာယီနေအိမ်နှင့် ယာယီကျောင်း တစ်ချို့ ကူညီပေးပြီး လျှက်လျူရှုခံထားနေရကာ နိုင်ငံတကာ အဖွဲ့ အစည်းအနေဖြင့်လည်း ထိရောက်သော ကူညီပေးမှုမျိုး မရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ငစရိုင်းကိုင်း ဒုက္ခသည်စခန်းတွင်လည်း စားနပ်ရိက္ခာအခဲအခဲရှိပြီး သြဂုတ်လ တစ်လလုံး အကူအညီမရရှိခဲ့ကြောင်း ဒုက္ခသည်စခန်းတွင်ရှိနေသူ ဦးသိန်းမောင်မှ နိရဥ္ဇရာသို့ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ တောင်ယာစိုက်ခင်းများနေမြေများ ပျက်စီးနေသောအခြေအနေမျိုးဖြစ်ကာ စစ်ရေးလမ်းကြောင်းဖြစ်နေပြီး မြန်မာစစ်တပ်အနေနဲ့လည်း လှုပ်ရှားမှုရှိနေတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေတာဖြစ်ကြောင်း စစ်ဘေးရှောင်ရှိရာ ဒေသခံများက ဆိုသည်။

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါ။

ပုံစာ ရေစိုးချောင်း ဒုက္ခသည်စခန်းအား သွားရောက်ကူညီခဲ့သည့် ပုံရိပ်များ

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...