AA တပ်သားတစ်ဦး ဖမ်းမိပြီးနောက် ရသေ့တောင်မြို့နယ်တွင် ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားဟုဆို

AA တပ်သားတစ်ဦး ဖမ်းမိပြီးနောက် ရသေ့တောင်မြို့နယ်တွင် ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားဟုဆို
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) မှ တပ်သား တစ်ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် မြန်မာတပ်မတော်မှ ဖမ်းမိပြီးနောက် လိုင်ဂွင်ရွာသားများ၏ ရွာပြင်ထွက်ခွင့်ကို ပိတ်ပင်ထားကြောင်း ကျေးရွာသားများက နိရဥ္စရာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

Narin200“အစိုးရစစ်သား ၃၀ လောက်ရွာထဲကို ရောက်နေပါတယ်။ ရွာသားတွေကို ရွာပြင် ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ရွာသား ၄ ဦးကို စစ်သားတွေက လိုက်ရှာနေပါတယ်” ဟု အမည်မဖော်လိုသူ လိုင်ဂွင်ရွာသား တစ်ဦးက ပြောသည်။

AA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအား လက်နက်ခဲယမ်းမီးကျောက်များနှင့် အတူ လိုင်ဂွင်ရွာမှ သုံးမိုင်ခန့်အကွာတွင် မြန်မာစစ်တပ်ဘက်မှ ဖမ်းမိသွားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့သိရသလောက် သေနတ်တစ်လက်၊ ကျည်ဆံ ၁၀၀၊ လက်ပစ်ဗုံး သုံးလုံးနဲ့အတူ တောထဲမှာ ဖမ်းမိသွားတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီ အေအေ တပ်သားကို ရိုက်နှက်စစ်ဆေးနောက်ပိုင်း လိုင်ဂွင်ရွာက ရွာသား လေးဦးကို စစ်တပ်က ရှာဖွေနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် AA မှ ရဲဘော်မှာ မြောက်ဦးမြို့နယ် ကျီရာပြင်ရွာမှ ဖြစ်ကြောင်း ၎င်းရွာသားက ဆက််လက် ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...