မြေပုံနှင့် ပေါက်တောမြို့နယ်များရှိ ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများလှူဒါန်း

မြေပုံနှင့် ပေါက်တောမြို့နယ်များရှိ ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများလှူဒါန်း
by -
နိရဥ္စရာ
ဓာတ်ပုံ- ဇော်မင်းဦး
ဓာတ်ပုံ- ဇော်မင်းဦး
ရခိုင်ပြည်နယ် မြေပုံနှင့် ပေါက်တောမြို့ရှိ ရေလမ်း ခရီးဖြင့် သွားလာ ကျောင်းတက်နေရသည့် ကျောင်းသား သူငယ်များ အတွက် ပေါက်တော မြို့နယ် ရက္ခိတ လူမှုကူညီရေးအသင်းမှ အသက်ကယ် အင်္ကျီ ၉၅ ထည် သွားရောက်လူ ဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် ၎င်းအသက်ကယ် အကျီင်္များကို ကျောင်းသား ကျောင်းသူများ အသုံးပြုနေသည့် ကူးတို့လှေများတွင် ထားရှိသွားမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများနှင့် တိုင်ပင်ပြီး ဆောက်ရွက်နေကြောင်း  ရက္ခိတ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မင်းဦးမှ နိရဥ္ဇ ရာသို့ပြောသည်။

“ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပျက်သွားတဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်စေလိုတဲ့ အတွက် တတ်နိုင်သလောက်ကာကွယ်လိုတဲ့ သဘောနဲ့ ကူညီတာပါ။ ကျောင်းသားတိုင်းကို မလှူနိုင်သေးဘူး။ ဒါကြောင့် ကူးတို့ လှေတွေမှာ ထားရှိပေးပို့ လှူဒါန်းတာပါ။ ဆရာဆရာမတွေနဲ့ တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်စေလိုပါတယ်” ဟု ဆိုသည်။

ပေါက်တောမြို့နယ် သပြေဂန်ကျောင်း ကူးတို့ လှေဆိပ်၊ အလယ်ကျွန်းကျောင်းကူးတို့လှေဆိပ်၊ ဆင်ပိုက် ကျောင်းကူးတိုလှေဆိပ်တို့တွင် ထားရှိသွားမည် ဖြစ်ပြီး  မြေပုံမြို့နယ်တွင် လွန်းလုံးပိုက် အထက်တန်းကျောင်းသို့  ကျောင်းတက်နေကြရသည့် ကူးတို့ လှေဆိပ်များတွင် ထားရှိသွားမည်ဟု သိရသည်။

ရေကြောင်းဖြင့် သွားလာနေသော ကျောင်းသား ကျောင်းသူ ကလေးငယ်များ၊ အထူးသဖြင့် နေ့စဉ် ကူးတို့လှေများကို အသုံးပြု ကျောင်းတက်နေကြရသည့် ကလေးငယ်များ အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့်လည်း ကွင်းဆင်း စိစစ်ပြီး အသက်အန္တရာယ်ကင်းရှင်းအောင် အသက်ကယ် အကျင်္ီများလှူဒါန်းခြင်း၊ ကျောင်းသား ကျောင်းသူ ကလေးငယ်များကို ပညာပေးခြင်း၊ ကူးတို့လှေများကို စည်းကမ်း အညီ လုပ်ဆောင်ရန် သတိပေးခြင်းများကို ဆောင်ရွက်စေလိုကြောင်း ဦးဇော်မင်းဦးက တိုက်တွန်းပြောဆိုသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...