အမ်းမြို့နယ်မှ ဆောက်လုပ်နေဆဲ တိုက်ပွဲ သင်တန်းကျောင်း အဆောက်အဦပြိုကျ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

အမ်းမြို့နယ်မှ ဆောက်လုပ်နေဆဲ တိုက်ပွဲ သင်တန်းကျောင်း အဆောက်အဦပြိုကျ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ တ.စ.သ(၈)တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်း၌ တည်ဆောက်နေသော အဆောက်အဦ အဝင်မုဒ် တစ်ခု ယမန်နေ့ ညနေက ပြိုကျရာ အလုပ်သမား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

အဆိုပါ သေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အမ်းမြို့နယ် စခန်းမှူးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ အလုပ်သမား တစ်ဦးသေပါတယ်။ သုံးဦးဒဏ်ရာ ရပါတယ်။ ဒီအလုပ်သမားတွေကတော့ မင်းပြားဘက်ကလို့ သိရပါတယ်” ဟု စခန်းမှူးက ပြောသည်။

ဒဏ်ရာ ရသူ သုံးဦးကို အမ်းမြို့နယ်ဆေးရုံမှ ခေါ်ဆောင်သွားသဖြင့် စိုးရိမ်မှုများရှိနေကြောင်း သတင်းရရှိသဖြင့် ဒဏ်ရာ လူနာ သုံးဦးအား ဆေးရုံက ခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ပါသလားဟု မေးမြန်းရာ စခန်းမှူးက “ ဆေးရုံက တစ်ခြား နေရာကို ရွှေ့လိုက်တာပါ။ စစ်တပ် တိုင်းဆေးရုံက ပိုကောင်းတာမို့ အဲဒီကို ပြောင်းရွှေ့သွားတာပါ။ လူနာတွေ အတွက် စိုးရိမ်စရာတော့ မရှိပါ” ဟု ပြောကြားသည်။

နိရဥ္စရာမှ စုံစမ်း သိရှိရသည်မှာ သေဆုံးသူမှာ မင်းပြားမြို့နယ် မြောင်းဘွေကျေးရွာ တွင် နေထိုင်သူု ဦးကောင်း ဖြစ်ပြီး ဒေါ်ဝင်း ယောကျင်္ားဖြစ်ကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ်ကို စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ် စခန်းမှူးက ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...