ကမ်းပေါ်လာတင်သည့် ဝေလငါးကို ရေထဲပြန်လွတ်ပေးပြီး အသက်ကယ်နိုင်ခဲ့သဖြင့် ဒေသခံများ ၀မ်းမြောက်

ကမ်းပေါ်လာတင်သည့် ဝေလငါးကို ရေထဲပြန်လွတ်ပေးပြီး အသက်ကယ်နိုင်ခဲ့သဖြင့် ဒေသခံများ ၀မ်းမြောက်
by -
နိရဥ္စရာ
အသက်ရှင်လျက် ကမ်းပေါ်လာတင်နေခဲ့သည့် အရှည် ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၃ လက်မရှိသော ဝေလငါးကြီး တစ်ကောင်ကို ရေထဲ သို့ ပြန်ချပြီး အသက် ကယ်တင်နိုင် ခဲ့ကြသဖြင့် ဒေသခံများ အထူး ၀မ်းမြောက်လျက်ရှိကြသည်ဟု မာန်အောင် ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဝေလငါးသည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ခအုန်းမော်အုပ်စု၊ ပုတ်ချောင်းကျေးရွာ အရှေ့ဘက်ကမ်းစပ်တွင် စက် တင်ဘာလ ၉ ရက် မနက် ၆ နာရီ ၃၀ ခန့်တွင် ကမ်းပါးခဲ့ပြီး ရေစပ် ကမ်းပေါ်တွင် တင်နေခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ အကုန်လုံး ၀မ်းသာကြပါတယ်။ ဒီလို ငါးကြီးတစ်ကောင်ကို အသက်ကယ်တင်နိုင်ခဲ့တဲ့ အပေါ် အထူး ၀မ်းသာ မိပါတယ်။ မနက် ၉ နာရီ ၃၀ အချိန်မှာ အောင်မြင်စွာ ရေချ နိုင်ခဲ့ပါတယ်။ ကမ်းနဲ့ မီတာ ၂၀၀ ကျော်ထိ စောင့်ကြည့်ပြီး ပြန်လွတ် ခဲ့ပါတယ်” ဟု မာန်အောင်မြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်ဝင်းက ပြောသည်။

ဝေလငါးမှာ အရှည် ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၃ လက်မ၊ နောက်ဘက် အမြီးခွ ၃ ပေ ၁ လက်မ၊ ဦးခေါင်းပိုင်း ၅ ပေ၊ ဘယ်ရေယက် ၃ ပေ ရှိကြောင်း၊ ဒဏ်ရာ အနာတရ မပါရှိကြောင်း ဦးကြည်ဝင်းက ဆက်ပြောသည်။

ဝေလငါးကြီးအား လူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ရှားပါးငါးကြီးများ မာန်အောင်ဒေသတွင် ကမ်းပါးမှု(ကမ်းတင်မှု)မှာ ယုခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာလည်း ဝေလငါး အသေ တစ်ကောင် ကမ်းပါးခဲ့ကြောင်းသိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...