ဆန္ဒဖော်ထုပ်ရခြင်းတွင် အပိုင်း ၃ ပိုင်းပါ၀င်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားစေ နိုင်ပြီး ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား ၃ ဦးပါ၀င်သည့် ရခိုင့်အရေးကော်မရှင်အဖွဲ့၊ မြန်မာနိုင်ငံတွင်း ဘင်္ဂလီကုလားတွေကို တရားဥပဒေစိုးမိုးမှုရှိရေး မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ်မြင့်မားစေသော ဇာတိမာန်သီချင်းကို မလိုအပ်တော့ဘူးလို့ပြောသည့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကို ကန့်ကွက်ဆန္ဒဖော်ထုပ်ခြင်းဖြစ် ကြောင်း ဦးဆောင်ဟောပြောသူ တစ်ဦးဖြစ်သူ ရှေ့နေ ဦးအေးပိုင်မှ နိရဥ္ဇရာသို့ပြောသည်။
“ကော်မရှင်ကို ကန့်ကွက်ရတာက ရခိုင်အရေးဟာ ပြည်တွင်းရေးပါ။ ဒီအရေးကိုဖြေရှင်းဖို့ ရခိုင်မှာပညာရှင်တွေ အများကြီးရှိသလို ပြည်တွင်းမှာလည်းတိုင်းရင်းသား ပညာရှင်တွေအများကြီးရှိပါတယ်။ ရခိုင်တွေရဲ့ အကြောင်း ၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ရခိုင်မှာဒီဘင်္ဂလီတွေ ဘယ်လိုရောက်လာတယ်ဆိုတာကိုမသိတဲ့ ပုဂ္ဂိုလ်ကို၊ ကုလသမ္မကအထွေထွေရေးမှူးလုပ်စဉ်ကတည်းက အဲဒီဘက်ကရပ်တည်ခဲ့တယ်။ဒါကြောင့် ခုလိုကန့် ကွက်ရတာပါ” ဟု ဦးအေးပိုင်မှ ဆက်ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၁၀၀၀ ကျော်ပါ၀င်ခဲ့ပြီး ဟောပြောသည့် ပုဂ္ဂိုလ်တိုင်းလည်း ကိုဖီအာနန်အပါအဝင် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တရားဥပဒေစိုးမိုးမှုမရှိသည့် အပိုင်းကို ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်လျှောက်ထားသူတစ်ဦးဖြစ်သည့် ကိုဇော်ဝင်းကလည်း ကိုဖီအာနန် သည် နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပြီး ရခိုင်အပါအဝင်မြန်မာမှာ ရိုဟင်ဂျာရှိကြောင်း လက်ခံသင့်သည်ဟုပြောလျှင် နိုင်ငံတကာက လက်ခံမှာဖြစ်ကြောင်း အချုပ်အခြာအာဏာကို တိုင်းတပါးသားကိုပေးပြီး ဝေဖန်ပေးပါ ဆုံးဖြတ်ပေးပါမျိုးဖြစ်နေခြင်းကြောင့် ကန့်ကွက်ရတာဟု နိရဥ္ဇရာသို့ပြောသည်။
“ဇာတိမာန်သီချင်းကို မလိုအပ်တော့ဘူး ခေတ်နဲ့ မညီတော့ဘူးဆိုတာကို လုံးဝကန့်ကွက်ပါတယ်။ဇာတိမာန်သီချင်းဟာ ဘယ်ခေတ်ပဲရောက်ရောက် တိုင်းရင်းသားတွေစည်းလုံးညီညွတ်ရေးအတွက်လိုအပ်တယ်။ ဒါကိုမလို အပ်ဘူးပြောတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ တိုင်းရင်းသားတွေစီးလုံးညီညွတ်ရေးကိုမလိုလားတာလား ဗုဒ္ဒဘာ သာကိုမလိုလားတာလား ဒါကြောင့် ကန့်ကွက်ပါတယ်” ဟုဆက်ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲဟောပြောချိန်တွင် ဆန္ဒဖော်ထုတ်ပွဲကို မနှစ်သစ်သည့် သူတွေကြောင့် ပွဲဆူခဲ့ကာ ရဲအင်အားထပ်မံ တိုးခဲ့ရပြီး ခွင့်ပြုချက်နှင့်ပြသည့် သူတွေကိုယခုလိုလုပ်ခြင်းအပေါ် ဥပဒေအရ စိုးမိုးမှုရှိစေရန် ဆောင်ရွက်ရန် ခိုးဝင်သူများနှင့် ပတ်သတ်ပြီး ဥပဒေဟာ သက်ဝင်မှုမရှိကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ပွဲအပြီးနောက် သဘောထားများကို တာဝန်ရှိသူများနှင့် လွှတ်တော်ထဲသို့ တင်သွင်းရန် ရခိုင်ကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်သွားမည်ဟု ဦးဇော်ဝင်းမှဆက်ပြောဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် အသုံးပြုသည့် ကြွေးကျော်သံများမှာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ ဇာတိမာန် သီချင်း အရှည်တည်တံ့ရေး၊ ပြည်တွင်းပြဿနာ နိုင်ငံခြားသားများမပါ၀င်ရေး၊ ခိုးဝင်သူများအား ဖော်ထုတ် အရေးယူပေးရေး၊ အနောက်တံခါးအမြန်ကာပေးရေး၊ ဇာတိမာန်သီချင်းမလိုကြောင်းပြောသော ၀န်ကြီးချုပ် အလိုမရှိ၊ ကိုဖီအာနန်နှင့်အဖွဲ့ အလိုမရှိ၊ ပြည်တွင်းရေးပြည်ပစွက်ဖက်မှု အလိုမရှိ၊ ပြည်ပအားကိုးပုဆိန်ရိုး အလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုပ်ခဲ့ကြသည်။







