နန်းတွင်းသူ လူဝင်စားဟု ပြောဆိုသည့် ဆွံအနားမကြားသူ ပန်းချီဆရာမတစ်ဦး၏ ပန်းချီကားများ ဦးဥတ္တမနေ့ အခမ်းအနားတွင်ပြသ

နန်းတွင်းသူ လူဝင်စားဟု ပြောဆိုသည့် ဆွံအနားမကြားသူ ပန်းချီဆရာမတစ်ဦး၏ ပန်းချီကားများ ဦးဥတ္တမနေ့ အခမ်းအနားတွင်ပြသ
by -
နိရဥ္စရာ
ရခိုင်နန်းတွင်းသူ လူဝင်စားဟု ပြောဆိုသည့် ဆွံ့အ နားမကြားသူ  ပန်းချီဆရာမ ဒေါ်အေးသန်းဦး၏ ရှေးခေတ် နန်းတွင်းနေထိုင်မှုများကို ပုံဖော်ရေးဆွဲထားသည့် ပန်းချီကား ၄၀ ကို ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ပြသထားသည်ဟု သတင်းရှိသည်။

ဒေါ်အေးသန်းဦး ရေးဆွဲထားသော ပန်းချီကားများထဲတွင် ရခိုင်စစ်သူကြီးများ စစ်ချီနေပုံ၊ မိဘုရားတစ်ပါးက ပညာသင်ပြီး ပြန်လာသည်ကို နန်းတွင်းသူများနှင့် သားနှင့်သမီးများက ဆီးကြိုနေပုံ၊ ရခိုင်နန်းတွင် ညီလာခံ ကျင်းပနေပုံ၊ တိုင်းပြည် အေးချမ်းသာယာရေးအတွက် မိဖုရားတစ်ပါးက ငါးရှင်လွှတ် ပန်းကြဲနေပုံနှင့် အခြား နန်းတွင်းနှင့် ပတ်သက်သော ပန်းချီကားများ ဖြစ်ကြသည်။

“သူမရဲ့ လက်ရာက သူများလက်ရာတွေနဲ့မတူဘူး။ တမူထူးခြားနေတဲ့ လက်ရာတွေဖြစ်ပါတယ်။ သူမရဲ့ ပန်းချီလက်ရာ အားလုံးလိုလိုက ရှေးခေတ်က ရခိုင်နန်းတွင်းမှာ ဖြစ်ပျက်နေခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဆရာက ပန်းချီဆရာ တစ်ယောက်ဖြစ်ပေမယ့် သူမလို မဆွဲတတ်ပါဘူး။ သူမက ဘဝပေး ပါရမီအရ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ ဘယ်သူ့ဆီမှာမှ သင်ယူထားတာမဟုတ်ဘဲ သူ့အာရုံထဲမှာ ပေါ်လာတာတွေကို ပုံဖေါ်ရေးသားထားပါတယ်” ဟု ဦးကျော်ဇံမောင်က ပြောသည်။

IMG20160908111652

ဒေါ်အေးသန်းဦးကို ၁၉၈၂ ခုနှစ်တွင် အဖဦးဘသန်း၊ အမိ ဒေါ်ခင်အေးမေတို့က ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသိစုရပ်ကွက်တွင် မွေးခဲ့ပြီး မွေးချင်းလေးဦးအနက် အကြီးဆုံးဖြစ်ကာ မွေးရာပါ စကားပြောမတတ်သူ တစ်ဦးဖြစ်ကြောင်း သူမ၏ ဖခင် ဦးဘသန်းက ပြောကြားသည်။

ဆရာဦးကျော်ဇံမောင်က “သူမဟာ ရှေးရခိုင်ဘုရင်ခေတ်တုန်းက မိဘုရားတစ်ပါးဖြစ်ခဲ့တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ သူမ နန်းတွင်းသူဘဝတုန်းက ပန်းပုခက်စီးနေတဲ့ပုံကို သူမကိုယ်တိုင် ဆွဲထားပါတယ်။ ဆရာက အဲ့ဒီပန်းချီကားကို ရောင်းလိုက်တဲ့အခါမှာ သူမ ၂ ရက်တိုင်တိုင် ငိုခဲ့ရတယ်လို့ ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်က သူမရှေးဘဝက ပုံမှန်းမသိလို့ ရောင်းလိုက်မိပါတယ်။ သူမမှာ အစောင့်ပုဂ္ဂိုလ် သုံးယောက်ရှိပြီးတော့ စိတ်အာရုံပေါ်လာမှ ပန်းချီဆွဲတာပါ။ သူများဆွဲခိုင်းတဲ့ပုံကို လုံးမဆွဲပါဘူး” ဟု ပြောသည်။

IMG20160908112522

ဆရာတော် ဦးဥတ္တမနေ့  အထိမ်းအမှတ် အဖြစ် ပန်းချီကားများကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ပြသထားရာ ဒေါ်အေးသန်းဦး၏ ပန်းချီကား ၄၀  အပါအဝင် တစ်ခြား ပန်းချီပြိုင်ပွဲတွင် ဆုရရှိထားသော ကျောင်းသားများရေးဆွဲထားသည့် ပန်းချီကားများနှင့် အခြားရခိုင်နာမည်ကြီး ပန်းချီဆရာများ၏ ပန်းချီလက်ရာများကို ပြသထားဟု သိရသည်။

ဒေါ်အေးသန်းဦးသည် စုစုပေါင်း ပန်းချီကား ၁၀၀ ကျော် ရေးဆွဲထားပြီ ဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...