တောင်ကုတ်မှ စကုခရီးသည်တင် စက်လှေနစ်မြုပ်၍ ၃ ဦးသေ၊ ၃ ဦးပျောက်ဆုံးနေ

တောင်ကုတ်မှ စကုခရီးသည်တင် စက်လှေနစ်မြုပ်၍ ၃ ဦးသေ၊ ၃ ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ရမ်းဗြဲမြို့နယ် စကုသို့ သွားသော စက်လှေ တစ်စီး စက်တင်ဘာလ ရရက် နံနက်က နစ်မြုပ်ရာ  ၃ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

၎င်းစက်လှေ တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူ ကျေးရွာနှင့် ၆ ဖာလုံခန့် အကွာအဝေးတွင် ရှိသော နတ်ကန်မြစ်တွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အတည်ပြု ပြောကြားသည်။

စက်လှေပေါ်တွင် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၁၀ ဦးပါဝင်ပြီး အမျိုးသမီး ၄ ဦးကို  အသက်ရှင် ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

“ အမျိုးသားတွေနဲ့ အမျိုးသမီး ၄ ဦးကို အသက်ရှင် ကယ်တင်နိုင်ခဲ့တယ်။  ၃ ဦးရဲ့ အလောင်းရရှိထားပြီး နောက်ထပ် အမျိုးသမီး  ၃ ဦးက ပျောက်ဆုံးနေသေးတယ်” ဟု တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

“ကျွန်တော်တို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးနေတုန်းပါ။ ဘာကြောင့် နစ်တယ်ဆိုတော့ လှိုင်းထန် ရေဝင်နစ်မြုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သူပိုင် စက်လှေဆိုတာနဲ့ ဆုံးရှုံးမှုကို  စစ်ဆေး နေတုန်း ဖြစ်ပါတယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး” ဟု ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...