ကိုဖီအာနန်အား ရခိုင်လူမှုအဖွဲ့အစည်းများမှ တင်ပြဆွေးနွေးခွင့်မရဟုဆို

ကိုဖီအာနန်အား ရခိုင်လူမှုအဖွဲ့အစည်းများမှ တင်ပြဆွေးနွေးခွင့်မရဟုဆို
by -
နိရဥ္စရာ
ယနေ့ ရခိုင်ပြည်နယ် အစိုးရရုံးတွင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် စစ်တွေ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ဆုံစဉ် တင်ပြဆွေးနွေးခွင့် မရရှိခဲ့ခြင်းသည်    ယုံကြည်မှုကို ထိခိုက် ပျက်ပြားစေသည်ဟု တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြို့မ မြို့ဖ အဖွဲ့ဟောင်း တစ်ဦးဖြစ်သူ ဦးဦးသန်းထွန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ကို ကိုဖီအာနန်နဲ့ တွေ့ဆုံပွဲကို ဖိတ်ပါတယ်။ နဂို ကြေညာတဲ့ အထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ၀န်ကြီးရုံး ၀န်ကြီး ဦးကျော်တင့် ဆွေ က ကိုဖီအာနန် ပြောစကားတွေကို နားထောင်ဖို့နဲ့ အပြန်အလှန် မေးမြန်ဖို့ဆိုပြီး ပြောဆိုသွားတယ်။ ဒါပေမယ့် ဦးကျော်တင့်ဆွေ၊ ဦးညီပု၊ ကိုဖီအာနန်နဲ့ ပြောစကား အပြီးမှာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာလိုက်တော့တော့ တက်လာတဲ့ လူတွေက ဘာမှ အဓိပါ္ပယ် မရှိဘူး ဖြစ်သွားတယ်။ ဒီလုပ်ရပ်က ယုံကြည်မှုကိုလျော့ကျသွားစေပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

ယခုကဲ့သို့  စကားပြောခွင့်မရလိုက်သည့် အတွက် ဘာကြောင့်ယုံကြည်မှု လျော့ကျ သွားရပါသလဲဟု မေးမြန်းရာ ဦးဦးသန်းထွန်းက “ ဒီ ရခိုင် ကော်မရှင်ကို နဂိုကတည်းက လူတွေကို အယုံအကြည် နည်းရတဲ့ အထဲမှာ အခုလို စစ်တွေမြို့ မိ မြို့ဖ၊ လူမှု အဖွဲ့အစည်းခေါ်ပြီး စော်ကားလိုက်တယ်လို့ ကျွန်တော် ယူဆတယ်လေ။ အဲဒါကြောင့် ဒီဟာ ဒီကော်မရှင်ကို လုံးဝ ယုံကြည်မှု ပျောက်သွားတဲ့ အဓိပါ္ပယ်ပေါ့” ဟုဆိုသည်။

IMG20160906094902

စစ်တွေ မြို့မိမြို့ဖတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတွေကို သက်ဆိုင်ရာက ဘာကြောင့် စကားပြောခွင့် မပေးတာပါလဲဟု ဆက်လက် မေးမြန်းရာ ဆရာ ဦးသန်းထွန်းက “ ဒါတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ကို ခေါ်တာကတော့ သူ့ မိန်းခွန်းတွေမှာပါတယ်လေ။ တင်ပြ ဆွေးနွေးခွင့် နားထောင်ဖို့ပါတယ်လေ” ဟု ပြောသည်။

ကိုဖီအာနန် စကားပြောသွားရာတွင် ယခင် စာအုပ်အကြီးအတိုင်း ပြောသွားကြောင်း၊ ဘက်လိုက်မှု မရှိဘူး၊ မျှမျှတတ လုပ်မည်ဟု ပြောသွားကြောင်း၊ မကြိုက်သည့် စကား တစ်လုံး ပါ၀င်ကြောင်း၊ သီးခြား ဖဲ့ထုတ်ထားခြင်း ခံထားရသည့် လူမျိုး တစ်မျိုးစသဖြင့် သုံးသွားကြောင်း၊ ဘက်မလိုက်ဘူး၊ မျှမျှတတ ဆိုသည့် စကားလုံးကို မကြိုက်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများနှင့် ကျူးကျော် ၀င်ရောက်လာသူများ အကြား ဘက်မလိုက်၊ မျှမျှတတ ဆိုသည့်စကားမှာ ဒေသခံတိုင်းရင်းသားများကို စော်ကားရာ ရောက်ကြောင်း ဦးသန်းထွန်းက ပြောဆိုသွားသည်။

ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များ ရခိုင်ပြည်နယ် အစိုးရ ရုံးရှေ့ ရောက်နေချိန်တွင် ရုံးအပြင်ဘက်တွင် လူပေါင်း ၂၀၀ ကျော်က ပိုစတာများကို ကိုင်ဆောင်ပြီး ဆန္ဒပြသလို စစ်တွေ လေဆိပ်သို့ အရောက်တွင်လည်း လူပေါင်း တစ်ထောင်ခန့်က ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...