ကရင်အမျိုးသားအစည်းအရုံး KNU မှအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း ကလည်း စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ်သွား မည်ဆိုလျှင် ဖွဲ့စည်းပုံကိုပြင်ဆင်ရမှာဖြစ်ကြောင်း မီဒီယာများသို့ပြောသည်။

“ကျွန်တော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုအကုန်လုံလက်ခံမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်စရာမလိုဘူး။ ဒီဖွဲ့စည်းပုံကိုတော့ အများကြီးဆွေးနွေးပြင်ဆင်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။
ရခိုင့်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဖက်ဒရယ် စစ်မှန်စွာသွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကိုပြန်လည်ပြင်ဆင် ရမှာဖြစ်ကြောင်း နိရဥ္ဇရာသို့ပြောသည်။

“ဒီ ၂၀၀၈ ဖွဲ့စည်းပုံက လူတစ်စုအတွက် ဖွဲ့စည်းပုံလို့ပြောလို့ရတယ်။အများကြီးပြင်ဆင်ရမှာပါ။ ဒီဖွဲ့ စည်းပုံအတိုင်း တော့ သွားလို့မရဘူး။ ပြင်ဆင်ရင်ပြင်ဆင် မပြင်ဆင်ရင် အသစ်ပြန်လည်ရေးဆွဲသင့်ရင်ရေးဆွဲရမှာပေါ့။ တပ်မတော်ဖက်ကတော့ တစ်မျိုးပေါ့နော်။ ခုညီလာခံက ပထမညီလာခံပါ ဒုတိယညီလာခံမှာကော တပ်မတော်ဖက်က ဘယ်လောက်ထိ ပျော့ပျောင်းသွားမလဲ ဆိုတာအရေးကြီးသလို လွတ်တော်မှာတော့ ဖွဲ့စည်း ပုံနဲ့ ပတ်သတ်ပြီး ပြင်ဆင်လို့ ရနိုင်မယ်မထင်ဘူး” ဟုနိရဥ္ဇရာသို့ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်တစ်စုကိုသာ အခြေခံရေးဆွဲထားသော ဥပဒေဖြစ်ပြီးတော့ ပြင်ဆင်စရာတွေအများကြီးရှိနေသေးကြောင်း ချင်းအမျိုးသားတပ်ဦးမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခွာအုပ်လျံ(Khua Uk Lian) မှနိရဥ္ဇရာသို့ပြောသည်။
“ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ အလွှာပေါင်းစုံဖြစ်တဲ့ ပြည်သူလူထုကို ဗဟိုပြုရေးဆွဲတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။ ပြင်စရာ တွေကတော့ အများကြီးပါ။ လွတ်တော်ကလည်း ပြင်နို်င်လိမ့်မယ်လို့မထင်ဘူး။ ဘာကြောင့်လည်းဆိုတော့ လွတ်တော်ဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု နိရဥ္ဇရာသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဒီညီလာခံကနေ နိုင်ငံရေးသဘောတူညီချက်တစ်ခု ထွက်လာဖို့လိုပြီး ထွက်ပေါ်လာသည့် သဘောတူညီချက်များအပေါ်မှာမူတည်ပြီးတော့ အများပြည်သူလူထုလိုလားသောဖွဲ့စည်းပုံတစ်ခု ထွက်ပေါ်လာမှာဖြစ်ကြောင်း ၎င်းဆက်ပြောသည်။
အပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသည့် ALP ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက လည်း “၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပြည်ထောင်စုအခြေခံသည့်ဖွဲ့စည်းပုံမဟုတ်သလို NCA လက်မှတ်ရေး ထိုးရာမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးပွဲတွေအရ ပြင်ဆင်သွားဖို့ထည့်သွင်းထားပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို သွားမယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပြည် ထောင်စုနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမဖြစ်မနေရေးဆွဲရမှာဖြစ်မှာပါ” ဟု နိရဥ္ဇရာသို့ပြောသည်။
လက်ရှိအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်သူလူထုက ရွေးချယ်ခွင့်မရှိ ဗဟိုကချုပ်ကိုင်ထားတာမျိုးဖြစ်နေ ပြီး နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင်လည်း ၅၉(စ)နှင့် ကန့်သတ်ချက်တွေရှိနေသကဲ့သို့ ရှေ့နောက် မညီညွတ်တာတွေ အများကြီးရှိနေသောကြောင့် ၂၀၀၈ဖွဲ့စည်းပုံ ဥပဒေကိုပြင်ဆင်သင့်ကြောင်း ဆက်ပြောသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသားများက ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့တောင်းဆိုနေကြကာ ဒီညီလာခံမှ နိုင်ငံ ရေးသဘောတူညီချက်တစ်ခုထွက်ပေါ်လာပြီး နောင်အလားအလာကောင်းများရလာဖို့ မျော်လင့်ကြ ကြောင်း သိရသည်။







