တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံ့အမည်နာမသစ် ဆွေးနွေးသင့်

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံ့အမည်နာမသစ် ဆွေးနွေးသင့်
by -
နိရဥ္စရာ
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံ့အမည်နာမသစ် ဆွေးနွေးသင့်
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံ့အမည်နာမသစ် ဆွေးနွေးသင့်
 နေပြည်တော်တွင် ကျင်းပနေသည့်၂၁ ရာစု ပင်လုံညီလာခံ၏ တတိယနေ့တွင် UNFC ဒုဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနိုင်ဟံသာမှ သဘောထားအမြင် စာတမ်းဖတ်ကြားရာတွင် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံ့အမည်နာမသစ်တစ်ခုကို ဆွေးနွေးသင့်ကြောင်း စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံခေါ်ဆိုရာတွင် မြန်မာနိုင်ငံဟူ၍ဖြစ်စေ၊ ဗမာနိုင်ငံဟူ၍ဖြစ်စေ ခေါ်ဆိုသုံးနှုန်းခြင်း သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများအနက် လူမျိုးတစ်မျိုးဖြစ်သည့် ဗမာလူမျိုးများ ကိုသာ ရည်ညွှန်းနေကြောင်း လုံခြံုရေးနှင့်ကာကွယ်ရေးဆိုင်ရာ မူဝါဒများ အပိုင်း (၁) ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ တွင် အခြေခံရမည့် မူများထဲမှ နံပါတ် (၁) (က) အဖြစ် ထည့်သွင်းဆွေးနွေးခဲ့သည်။

“မြန်မာနိုင်ငံဆိုတာ ဟိုအရင်သုံးနှုန်းခဲ့တဲ့ ဝေါဟာရဖြစ်ပြီးတော့ မြန်မာဆိုတာက ခုနောက်ပိုင်းမှ သုံးနှုန်းခဲ့တဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။” ဟု စာတမ်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

၄င်းအပြင် နံပါတ် (၁) (ခ) တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာမှာ နိုင်ငံတွင်ရှိကြသည့် တိုင်းရင်းသား လူမျိုးများအားလုံး၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမသစ် တစ်ခုကို ဆွေးနွေးသတ်မှတ်သင့်ကြောင်း စာတမ်းဖတ်ကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မြန်မာနိုင်ငံနှင့်ဗမာနိုင်ငံ အသုံးအနှုန်းအပေါ်မှာလည်း ပြဿနာ အနည်းငယ်ရှိနေပြီး ဗမာလူမျိုးများအနေဖြင့် ဗမာနိုင်ငံဟု ခေါ်ဆိုသုံးနှုန်းကာ တစ်ခြားတိုင်းရင်းသားအများစုမှာ မြန်မာနိုင်ငံ ဟူ၍သာ ခေါ်ဆိုသုံးနှုန်းနေကြသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...