ခုလို ပင်လုံညီလာခံတွင် ရခိုင့်တပ်မတော် AA အပါအဝင် TNLAA နှင့် MNDAA တိုတက်ရောက်နိုင်ခြင်းမရှိတဲ့ အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ၄င််း၃ဖွဲ့အား အစိုးရမှ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ဖို့ပြောပြီး အခြားအဖွဲ့များမှာ စွန့်လွတ်စရာမလိုတဲ့အပေါ် ခွဲဲဲခြားဆက်ဆံရာရောက်နေကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွဲဖက်အတွင်းရေးမှူး ရခိုင်ပြည် အမျိုးသားကောင်စီ(ANC) အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးထွန်းဇော်မှ ပြောသည်။
“NCA မထိုးထားတဲ့ “၀” အဖွဲ့ကိုတက်ရောက်ခွင့်ရှိပြီးတော့ AA၊ TNLA၊ MNDAA စတဲ့ ၃ ဖွဲ့တက်ရောက် နိုင်ခြင်းမရှိတာက မမျှတတဲ့ပြုမူမှုနဲ့ ခွဲဲဲဲဲခြားဆက်ဆံရာရောက်ပါတယ်။ ကျွန်တော်တို့လည်း မတက်ရောက်ဆိုပြီး ပြောထားရာကနေ ညှိနှိုင်းမှုအဆင်ပြေ တာကြောင့် တက်ရောက်လာခဲ့တာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
ယင်း ၃ ဖွဲ့နဲ့ ပြေလည်ပြီး NCA မှာပါ၀င်လာနိုင်တဲ့ အတိုင်းအတာတစ်ခုထိညှိမယ်ဆိုရင် တပ်မတော်ဖက်မှ ဆုပ်ကိုင်ထားတဲ့ တရားသေဝါဒ တင်းမာမှုကိုအလျော့အတင်းလုပ်ရမှာဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
“ကျွန်တော်တို့ဖက်ကတော့ တတ်နိုင်သလောက် လိုက်လျော့ထားပြီးပါပြီ။ သူတို့ ၃ ဖွဲ့ မပါဘဲနဲ့လည်း တက်ရောက်လာပါပြီး။ သို့သော် ဆွေးနွေးမှုမလုပ် ဆုံးဖြတ်မှုမလုပ် တန်းတူတင်သွင်းခွင့်ရှိပါတယ်။ တက်ရောက်တာကတော့ ရှေ့လျှောက်လမ်းစဉ်အတွက်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကလည်း တင်းမှာမှုကို လျော့ချဖို့လိုပါတယ်” ဟု နိရဥ္ဇရာသို့ဆက်ပြောသည်။
အစိုးရနှင့် NCA မထိုးထားသေးတဲ့ ၃ ဖွဲ့ပါ၀င်နိုင်ခြင်းမရှိတာနဲ့ ပတ်သတ်ပြီး လက်မှတ်ထိုးထားသည့် ရခိုင့်လွတ်မြောက်ရေးပါတီ ALP မှ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက “အစိုးရအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွတ်ခိုင်းတယ်။ ကျွန်မတို့ကဒီညီလာခံကို အားလုံးပါ၀င်တဲ့ ညီလာခံတစ်ခုဖြစ်စေချင်တယ်။ ရခိုင်တစ်ယောက်အနေနဲ့ ရက္ခိုင့်တပ်မတော် AA ကိုလည်းပါ၀င်စေချင်တယ်။ ရခိုင်ပြည်အတွက် လူမှန်နေရာမှန်နဲ့ အားလုံးအလုပ်လုပ်ရပါမယ်။ တပ်မတော်ဖက်က လက်နက်စွန့်လွတ်တဲ့မူ DDR ကိုကိုင်ထားတယ်။ ဒါကြောင့် EAOs တွေနဲ့ အားလုံးပြန်လည်ပေါင်းစည်းရေးဆိုတာကို စားပွဲဝိုင်းမှာဘဲ အဖြေရှာလို့ရမှာပါ” ဟုနိရဥ္ဇရာသို့ပြောသည်။
လက်ရှိတိုင်းပြည်ကြီးတစ်ခုထူထောင်လာရင် DDR ကိုချန်ထားပြီးတောမှ တိုင်းပြည်တစ်ခုလုံး လုံခြံုရေး အတွက် ပြည်နယ်လုံခြံုရေး ပြည်မလုံခြံုရေး လုံခြံုရေးနှစ်ရပ်ကို ပေါင်းစည်းဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာဘဲ အရေးကြီး ကြောင်း ဆက်ပြောသည်။
“၀” တိုင်းရင်းသားဖြစ်တဲ့ UWSA/P ကတော့ စက်တင်ဘာလ ၁ရက်မှာညီလာခံ တက်ရောက်ခြင်းမရှိဘဲ သာမှန်လေ့လာရေး ကိုယ်စားလှယ်အဖြစ်နှင့်သာ တက်ရောက်ခွင့်ရတာကြောင့်ဆိုကာ ပြန်သွားခဲ့ကြောင်းသိရ သည်။
ဒုတိယနေ့ ညီလာခံအပြီး မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပညာအခက်အခဲကြောင့် နားလည်မှုလွဲသွားတာဖြစ်ကြောင်း ခွဲခြားဆက်ဆံခြင်းလုံးဝမဟုတ်ကြောင်း ပြန်လည်ရှင်းပြတောင်းပန်မှာဖြစ် ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း မှပြောကြားခဲ့သည်။







