စာကြောင်းရေ ၄၄ ကြောင်းပါ မြောက်ဦးခေတ် အလှူမှတ်တမ်း ကျောက်စာတွေ့ရှိ

စာကြောင်းရေ ၄၄ ကြောင်းပါ မြောက်ဦးခေတ် အလှူမှတ်တမ်း ကျောက်စာတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်တို့၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် အလှူမှတ်တမ်း ကျိန်စာတိုက်ထားသော ကျောက်စာ တစ်ချပ်ကို အမြင့်တောင် ဘုရား စေတီအမှတ်(၅)တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု မြောက်ဦး ရှေး/သု ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းကျောက်စာတွင် စာကြောင်းရေ ၄၄ ကြောင်းပါရှိပြီး နောက်ဘက် ၂၃ ကြောင်းကို ကောင်းကောင်း ဖတ်ရှုနိုင်ပြီး ရှေ့ဘက် ၂၁ ကြောင်းက အပျက်အစီးများ ရှိနေ၍ သေချာ မဖတ်နိုင်သေးကြောင်း သူကဆိုသည်။

အဓိက ကျောက်စာပါ အကြောင်းအရာမှာ သူ့အလှူအား ဖျက်ဆီးသူများအား ရည်ရွယ်၍ ကျိန်စာ တိုက်ထားခြင်း ဖြစ်ကြောင်း ဦးငြိမ်းလွင်က ရှင်းပြပြောဆိုသည်။

“ သူ့အလှူအား ဖျက်ဆီးသူတွေ ကျိန်စာသင့်ပါစေ။ သူ့အလှူကို ဖျက်က ဘယ်သူဘဲ ဖြစ်ဖြစ် လှံစူးရဲ့ သေစေ၊ ဓားထိ၍ သေစေ၊ စသဖြင့် ပါ၀င်ပါတယ်။ ကျောက်စာကတော့ ဖတ်ပြီးနေပြီ။ ဘာသာပြန်ဖို့ဘဲ ကျန်တော့တယ်။ ဘာသာပြန်ပြီးရင်တော့ အသေးစိတ် ပြောပြပေးပါမယ်” ဟု သူက ပြောဆိုသည်။

ကျောက်စာချပ်၏ အမြင့်မှာ(၇၀) စင်တီမီတာ၊ အလျား (၈၀)စင်တီမီတာရှိပြီး လေးထောင့် ပုံစံရှိကာ ထုထည် (၁၈) စင်တီမီတာရှိကြောင်း သိရသည်။

ကျောက်စာမှာ မြောက်ဦးခေတ်တွင် ရေးထိုးထားသော ကျောက်စာဖြစ်ပြီး အရေးအသားမှာလည်း မြောက်ဦးခေတ် အရေးအသားဖြင့် ရေးထိုးထားခြင်း ဖြစ်ကြောင်း ဦးငြိမ်းလွင်က ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...